Homeသတင်းစိုင်ယို့(Sai Yok)စစ်ဆေးရေးဂိတ်တွင် လိုင်းကားဖြင့် တရားမဝင်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၇ ဦး ထပ်မံဖမ်းဆီးခံရ

စိုင်ယို့(Sai Yok)စစ်ဆေးရေးဂိတ်တွင် လိုင်းကားဖြင့် တရားမဝင်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၇ ဦး ထပ်မံဖမ်းဆီးခံရ

-

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စိုင်ယို့စစ်ဆေးရေးဂိတ်(Sai Yok Permanent Checkpoint)တွင် စံခလဘူရီ-ကန်ချနဘူရီသို့ ပြေးဆွဲသည့် လိုင်းဗန်ကားတစ်စီးမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇ ဦးကို ထိုင်းအဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မေ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့် တွင် ကန်ချနဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ စိုင်ယို့အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ်  စံခလဘူရီဘက်မှ ကန်ချနဘူရီမြို့သို့ ဦးတည်မောင်းနှင်လာသည့် ခရီးသည် တင်ဗန်ကားတစ်စီးကို သံသယရှိသဖြင့် ရပ်တန့်စစ်ဆေးခဲ့သည်။

အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၇ ဦးမှာ တရားဝင် အထောက်အထားစာရွက်စာတမ်းများ မရှိသဖြင့် ထိုင်းအဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့တို့၏ စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် မြန်မာ-ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူဒေသအနီး သဘာဝနယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် စံခလဘူရီမှတဆင့် လိုင်းကားစီးနင်းကာ ကန်ချနဘူရီမြို့ပေါ်ရှိ အလုပ်ခွင်များသို့ သွားရောက်လုပ်ကိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇ ဦးကို ကန်ချနဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းထားပြီး “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှု” ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန်ချနဘူရီခရိုင်၊ ပတ်ပရက်ကျေးရွာအုပ်စုရှိ နေအိမ်တစ်ခုအတွင်း ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က တရားမဝင်ဝင်ရောက်ခိုလှုံနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သေးသည်။

ထိုင်းနိုင်ငံတွင် သုံးလကြာ စီမံကိန်းဖြင့် တရားမဝင် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်လျှက်ရှိပြီး၊ နယ်စပ်လမ်းကြောင်းများမှတဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ရာနှင့်ချီ ဖမ်းဆီးခံနေရကြောင်း သိရသည်။

ကိုးကား-KhaodenKanNew

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts