Homeသတင်းကြာအင်းဆိပ်ကြီးတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးသုံးဦးသေဆုံး

ကြာအင်းဆိပ်ကြီးတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးသုံးဦးသေဆုံး

-

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ကို စစ်အာဏာရှင်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ကျိုက်ဒုံမြို့အဝင်တံတား တဖက်ကမ်းရှိ အရပ်သားပြည်သူနေအိမ်များကို စစ်တပ်က Jet Fighter ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးအပါအဝင် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် နှစ်လုံးနှင့် ကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

ကျိုက်ဒုံမြို့ကို ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ထားသည်။

KNU ထိန်းချုပ်ထားသည့် ကျိုက်ဒုံမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်း လက်နက်ကြီးဖြင့် မကြာခဏ တိုက်ခိုက်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts