Homeသတင်းသံဖြူဇရပ်၊ ထင်းရူးရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး အလောင်းတွေ့ပြန်

သံဖြူဇရပ်၊ ထင်းရူးရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး အလောင်းတွေ့ပြန်

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအနီးတွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်း ထပ်တွေ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယနေ့ မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်က ထင်းရူးကျေးရွာ သံဖြူဇရပ် – ကရုပိ္ပ – ထင်းရူး – အနင်းကားလမ်းဘေး ရော်ဘာခြံအစပ်တွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံတို့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုရု်ပအလောင်းနှစ်လောင်း၏ မျက်နှာတွင် ဖူးရောင်ဒဏ်ရာများတွေ့ရှိရပြီး လည်ပင်း၊ ရင်ဘတ်နှင့် ပေါင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာများ တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေဆုံးနေသူတွေက ဘယ်သူတွေလဲတော့ မသိရသေးဘူး။ အလာင်းတွေရဲ့အနီးမှာ ကျည်ခွံ ၈ ခု တွေ့ရတယ်။” ဟု ၎င်းက ပြောသည်။

အခင်းဖြစ်ရာနယ်မြေအတွင်း လုံခြုံရေးအခြေအနေကြောင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ လာရောက်နိုင်ခြင်း မရှိသည့်အတွက် ထိုအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများမှ သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ထိုသေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ် မရှိခဏဘုရားအနီး သံဖြူဇရပ် – ရေးကားလမ်းဘေးတွင် လက်ပြန်ကြိုးတုပ်လျှက် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြသည့် အမျိုးသား သုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရသေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts