Homeသတင်းစံခလဘူရီတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးနှင့် ထိုင်းလမ်းပြ ၁ ဦး ဖမ်းဆီးရမိ

စံခလဘူရီတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးနှင့် ထိုင်းလမ်းပြ ၁ ဦး ဖမ်းဆီးရမိ

-

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးနှင့် ၎င်းတို့ကို ပို့ဆောင်ပေးနေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မေ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် စံခလဘူရီ-ထောင်ဖာဖွန်လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်ရှိ ထိုင်းရဲတပ်ဖွဲ့ဝင်များက စံခလဘူရီမှ မောင်းနှင်လာသည့် အဖြူရောင် တိုယိုတာ (Toyota Revo) ကားတစ်စီးကို သံသယဖြင့် ရပ်တန့်စစ်ဆေးမှုလုပ်ဆောင်ခဲ့ရာမှ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

စစ်ဆေးမှုအတွင်း ယာဉ်မောင်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် ထိုင်းနိုင်ငံသား နိုင်ကစ်တိဖုန်ဆိုသူက နိုင်ငံသားမှတ်ပုံတင်ကဒ် ပြသနိုင်ခဲ့သော်လည်း၊ ကားအတွင်း လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးမှာ နိုင်ငံကူးလက်မှတ်နှင့် တရားဝင် ဝင်ရောက်ခွင့် စာရွက်စာတမ်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံသား ယာဉ်မောင်းကို “တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ကူညီပုန်းအောင်းပေးမှု” ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသား ၁၁ ဦးကို “တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှု” ဖြင့် လည်းကောင်း၊ စုစုပေါင်း လူ ၁၂ ဦးအား အမှုဖွင့်အရေးယူထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများနှင့် သက်သေခံပစ္စည်းဖြစ်သည့် အဖြူရောင် (Toyota Revo) ကားတစ်စီးကို စံခလဘူရီမြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ဆက်နွယ်နေသည့် လူမှောင်ခိုကွန်ရက်များကိုလည်း သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းဖော်ထုတ်နေသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts