Homeသတင်းနှစ်ကရင်ကျေးရွာ ဘူတာပိုင်းရပ်ကွက် ရာအိမ်မှူးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

နှစ်ကရင်ကျေးရွာ ဘူတာပိုင်းရပ်ကွက် ရာအိမ်မှူးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၊ ဘူတာပိုင်းရပ်ကွက် ရာအိမ်မှူးဆိုသူ ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး  သေဆုံးခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပစ်ရှင်းလင်းခံရသူသည် အသက် ၅၈ နှစ်အရွယ် ဦးဇော်လွင်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဘူတာပိုင်းရပ်ကွက်တွင် ရာအိမ်မှူးအဖြစ် တာဝန်ယူထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးဇော်လွင်သည်  မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က ၎င်းဖွင့်လှစ်ထားသည့် ဘူတာပိုင်းရပ်ကွက် ကားလမ်းဘေးရှိ အရက်နှင့် ကွမ်းယာဆိုင်၌ ရှိနေစဉ် အသက် ၂၀ နှစ်ကျော်အရွယ် အမျိုးသားနှစ်ဦး ဆိုင်သို့ရောက်ရှိလာပြီး ဦးဇော်လွင်အား သေနတ်ဖြင့် အနီးကပ် ၃ ကြိမ် ပစ်ခတ်ခဲ့သည်။

ပစ်ခတ်ခံရမှုကြောင့် ဝဲဘက်ပါးနှင့် ဝဲဘက်နားထင်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ နေရာတွင်ပင် သေဆုံးသွားခဲ့ရသည်ဟု နှစ်ကရင်ဒေသခံတစ်ဦးက IMNA သို့ ပြောသည်။

“သူက ဆိုင်မှာ ဈေးရောင်းနေတုန်းမှာပဲ လာပစ်သွားတာ။ ပစ်တဲ့နေရာမှာပဲ ချက်ချင်းဆုံးသွားတယ်။ ပြီးတော့ သူ့ရုပ်အလောင်ကို နှစ်ကရင်လူမှုကယ်ဆယ်ရေးအသင်းက လမိုင်းတိုက်နယ်ဆေးရုံကို ပို့ခဲ့တယ်။ လာပစ်တဲ့သူတွေက လူငယ်နှစ်ဦးလို့ပြောတယ်။ ဘယ်ကလဲတော့ အတိအကျမသိဘူး” ဟု ဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မေလ ၁၈ ရက်နေ့ ညပိုင်းတွင် လမိုင်းမြို့တိုက်နယ်ဆေးရုံးမှကျေးရွာသို့ ပြန်လည်သယ်ဆောင်လာခဲ့ပြီး၊ လက်ရှိတွင် ထိုင်းနိုင်ငံမှ ပြန်လာသည့် သားဖြစ်သူရောက်ရှိလာမှသာ သဂြိုဟ်သွားမည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဦးဇော်လွင်သည် စစ်ကော်မရှင်နှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး ပြည်သူ့စစ်သင်တန်းများ တက်ရောက်ထားသူဟု ဒေသခံများ သိရှိထားကြောင်း ဆက်ပြောသည်။

“ဘူတာပိုင်းဘက်မှာ ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားတာ ရှိတယ်။ ဦးဇော်လွင်ကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှ ရာအိမ်မှူးလုပ်နေတာ။ တချို့က ပျူးစောထီးသင်တန်းဆင်းလို့ ပြောတယ်။ အခုလို ပစ်သတ်ခံတာဟာ စစ်တပ်နဲ့ ဆက်စပ်မှုကြောင့်လို့ ပြောဆိုနေကြတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

သေနတ်သမားနှစ်ဦးကို ဖမ်းဆီးရမိရေးနှင့် အမှုဖွင့်အရေးယူနိုင်ရေးအတွက် နှစ်ကရင်ကျေးရွာရှိ စစ်ကော်မရှင်လက်အောက် ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဘူတာပိုင်းရပ်ကွက်အနီးတွင် တော်လှန်ရေးပူးပေါငးတပ်ဖွဲ့ဝင်များ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့များ သွားလာလှုပ်ရှားမှုများ ရှိနေကြောင်းလည်း ရေးဒေသခံများက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts