Wednesday, May 13, 2026
More
    spot_img
    HomeVox Pop"လွှတ်တော်မှတစ်ဆင့် ပြည်သူများ၏လိုအပ်ချက် အမှန်တကယ် ဖြေရှင်းပေးနိုင်မည်လား"ကဏ္ဍအသီးသီးမှ မွန်ဒေသခံများ၏ စကားသံ

    "လွှတ်တော်မှတစ်ဆင့် ပြည်သူများ၏လိုအပ်ချက် အမှန်တကယ် ဖြေရှင်းပေးနိုင်မည်လား"ကဏ္ဍအသီးသီးမှ မွန်ဒေသခံများ၏ စကားသံ

    -

    မွန်ပြည်နယ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အချို့ ၎င်းတို့အနိုင်ရရှိထားသည့် မဲဆန္ဒနယ်များတွင် ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ မကြာခဏပြုလုပ်၍ ပြည်သူများ၏ အကျိုးစီးပွားကို လွှတ်တော်မှဖြေရှင်းပေးရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

    လွတ်တော်ကိုယ်စားလှယ်များသည် အစိုးရ၏ ရက် ၁၀၀ စီမံချက်များနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းလုပ်ဆောင်နေခြင်းရှိသလို ၄င်းတို့ အနိုင်ရရှိထားသည့် မဲဆန္ဒနယ်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်လှစ်ပြီး ဒေသခံများ၏လိုအပ်ချက်များကို တိုက်ရိုက်ဆွေးနွေးပေးနေကြောင်း သိရသည်။

    သို့သော် ဒေသခံများ၏ လျှပ်စစ်မီးလိုအပ်ချက်များ၊ စုံ/မ ကန့်သတ်ချက်များ၊ အခြားအခြေခံလိုအပ်ချက်များအပါအဝင် တိုက်ပွဲပဋိပက္ခများလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

    ပြည်သူများ၏ တရားဝင်မှုရရှိရန် ကြိုးပမ်းနေသည့် လွှတ်တော်ကိုယ်စားလှယ်များ "လွှတ်တော်မှတစ်ဆင့် ပြည်သူများ၏ပြဿနာ အမှန်တကယ်ဖြေရှင်းနိုင်မလား" ဆိုသည့် အကြောင်းအရာနှင့်ပတ်သတ်၍ ကဏ္ဍအသီးသီးမှ မွန်ဒေသခံများနှင့် ဆက်သွယ်မေးမြန်းထားသည်။

    မွန်လူမှုအဖွဲ့အစည်းမှ အမျိုးသမီးတစ်ဦး

    လွှတ်တော်ထဲမှာ ပြည်သူတွေနဲ့ ပတ်သက်တာကိုဆွေးနွေးကြမှာလားဆိုတာ အတည်အရင်ပြုရမယ် ထင်တယ်။ ခုဆိုရင် ဘာမှလုပ်တာမမြင်ရသေးဘူး။ ဝန်ကြီးချုပ်တွေကလည်း စစ်တပ်က ခန့်အပ်ထားတဲ့လူပဲ။ စကစ အာဏာတည်မြဲဖို့အတွက်ပဲ ဖြစ်မယ်။ ပြည်သူတွေလိုအပ်ချက်ကို ဆွေးနွေးဖို့အတွက်မဟုတ်ဘူးထင်တယ်။ အာဏာသိမ်းတယ်၊  legitimate ရဖို့ ရွေးကောက်ပွဲ ပြန်လုပ်တယ်။ ဒီကြားထဲ human right violation  နဲ့ တခြား ကျူးလွန်ထားတဲ့ အပြစ် တွေ အများကြီးပဲ။ လွှတ်တော်ကို ပြန်ကြည့်မယ်ဆိုရင်လည်း စစ်တပ်အလိုကျလုပ်ထားတာပဲလေ။ စစ်တပ်အကျိုးစီးပွားအတွက်ပါပဲ။ ဒီကနေဖွဲ့ထားတဲ့ လွှတ်တော်က ဘာတွေလုပ်ဆောင်ပေးနိုင်မှာလဲ။ ဘာတွေကိုတင်ပြပေးမှာလဲ။ ခုချိန်ထိ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေ ပိုက်ဆံထည့်နေရတုန်းပဲ။ ပြည်သူတွေအတွက် လုပ်ပေးချင်တယ်ဆိုရင် ပြည်သူတွေတင်ပြတဲ့အထိစောင့်ဖို့မလိုဘူး လွှတ်တော်အမတ်တွေက ပြည်သူတွေလိုအပ်ချက်၊ နိုင်ငံရဲ့ လိုအပ်ချက်ကို သိလို့လုပ်နေကြတာမဟုတ်လား။ သာမန်ပြည်သူတွေသိတဲ့ကိစ္စတွေတောင် မသိတာဖြစ်နိုင်လားပေါ့။ သူတို့လည်း ပြည်သူတွေထဲက ပြည်သူပဲလေ။

    လိုအပ်တဲ့အကူအညီက အများကြီးပဲပေါ့နော်။ public services ကမရှိ။ policy တစ်ခုပြီးတစ်ခုထွက်တယ်။ စစ်တပ်ကအာဏာမြဲဖို့၊ ဗဟိုဘဏ်ရဲ့ကောင်းမှုကြောင့် ပြည်သူတွေရောင်းချတဲ့ သီးနှံက၊ ကုန်တွေက ဈေးမရ၊ ပြန်ဝယ်ရတဲ့ဟာက ဈေးကြီး။ နိုင်ငံခြားထွက်တဲ့လူတွေကနေဆီလည်း အမျိုးမျိုးခေါင်းပုံဖြတ်။ အရေးထဲ ကျားဖြန့်တွေကိုလည်း ခေါ်သွင်းထားတယ်။ လိုအပ်ချက်မပြောနဲ့ justice ဆိုတာ စကားက ဘယ်မှာလဲဆိုတာ ပြန်မေးယူရတဲ့ အခြေအနေပါ။

    မွန်လူငယ် အမျိုးသားတစ်ဦး

    “ကောင်းတယ်လို့လည်း ပြောနိုင်တယ်။ အရင်တုန်းကဆို မဲဆွယ်တုန်းပဲပြည်သူတွေနဲ့တွေ့တယ်။ အခုက ကိုယ်စားလှယ် ဖြစ်ပြီးနောက် ပြည်သူနဲ့တွေ့ဆုံပြီး အမြင်ဖလှယ်တာ၊ လိုအပ်ချက်နားထောင်တာက ပိုကောင်းတာပေါ့နော်။ ပြည်သူတွေလည်း ကိုယ်စားလှယ်တွေအပေါ် အများကြီးမျှော်လင့်ထားကြတယ်။ ပြောချင်တာက မွန်ကိုယ်စားလှယ်တွေအနေနဲ့ အခြားပါတီ ကိုယ်စားလှယ်တွေ လုပ်သလိုမျိုး လမ်းပြင်တာ၊ မီးကိစ္စတွေကလည်း လုပ်နေပြီးသားအရာတွေပဲဖြစ်တယ် ပိုထူးတာမျိုး။ လူမျိုးရေးအတွက် ပိုလုပ်ပေးစေချင်တာ။ မွန်စာပေကိစ္စတွေ ဒီထက်ပိုပြီးသင်ကြားခွင့်ပေးတာမျိုး လုပ်စေချင်တာပေါ့။  အချိန်ပိုလိုမျိုးမဟုတ်ဘဲနဲ့ မွန်ဆရာမတွေဆိုလည်း လခစားဖြစ်စေချင်တယ်ပေါ့နော်။ ရွာကြီးတွေဘက်ဆိုရောက်တယ်။ ကိုယ်စားအနေနဲ့ ခေါ်တွေ့တာမျိုးတွေ၊ ဖွံ့ဖြိုးမှုနည်းတဲ့ဘက်တော့ မရောက်လောက်ဘူး။ သွားလာလို့ လုံခြုံတဲ့ဒေသတွေ လောက်ပဲ သွားမှာပါ။ ပြည်သူတွေဘက်ကလည်း သူတို့လုပ်ပေးနိုင်တဲ့အရာမျိုး တောင်းဆိုရင်တော့ ဆောင်ရွက်ပေးနိုင်လောက်မှာပါ၊ အချို့နေရာတွေကျတော့ သူတို့မလုပ်ပေးနိုင်တာမျိုးလည်းရှိလောက်တယ်”

    စစ်ကောင်စီအဖွဲ့နှင့် နီးစပ်သူတစ်ဦး

    “  ၁၀ မြို့နယ်မှာ ပေါင်လွှတ်တော်ကိုယ်စားလှယ်က အရည်အချင်းမရှိဆုံးပဲ။ အခု မှတ်ပုံတင်လုပ်တာတွေတော့ ရှိတယ်။ ဒီလောက်နဲ့တော့မရသေးဘူးလေ။ ပြောချင်တာက တို့ပြည်သူတွေ အတွက်ဆို ရုံးဖွင့်ရမှာတို့ ရုံးဖွင့်မှ ပြည်သူ့လိုအပ်ချက် ဘာရှိလဲတို့ ပြည်သူ၏ အသံကြားရမှာ။ ပိုထိရောက်တာက တစ်ရွာပြီးတစ်ရွာ သွားရမှာ။ ဌာနဆိုင်ရာ တွေ့ပြီးမှ ဌာနဆိုင်ရာတွေရဲ့ အကြောင်းကို မေးမြန်းပြီးတော့မှ သိနိုင်မှာ သူတို့လွှတ်တော် တက်နေတဲ့အချိန်ကျရင်လည်း  လူတစ်ယောက်ထားပြီးတော့ ဖြစ်ဖြစ် မှတ်ထားခိုင်းတာတို့ပေါ့။ အခြားမြို့နယ်တွေ လုပ်နေတာမျိုးရှိတယ်။ ဆိုတော့ ကိုယ်စားလှယ်တွေ အရည်အချင်းရှိဖို့ အရင်လိုအပ်တယ်လို့ ထင်တယ်။

    ရပ်ကျေးအဆင့် အမျိုးသမီးအရေး လှုပ်ရှားသူ

    “အရမ်းကြီးအားကိုးလို့ ရတာတော့မဟုတ်ဘူး။ ပြဿနာတိုင်းတော့ ဘယ်ရှင်းပေးနိုင်မလဲ။ ကွင်းဆင်းတာလဲ ရွာကအဖွဲ့တွေကို နည်းနည်းပါးပါးလိုက်မေးမြန်းရုံပဲ။  မွန်ပါတီမဟုတ်တဲ့ အခြားပါတီတွေဆို မြို့ပေါ်တွေပဲ လုပ်တယ်။ ကိုယ်စားအနေနဲ့ လာပြီးတော့ တက်ကြတာရှိတယ်။ ရွာတိုင်းတော့ မဟုတ်ဘူး။ လုပ်ပေးချင်တဲ့ ကိုယ်စားလှယ်ပဲသွားနေကြတယ်။ ဘာလုပ်ပေးမယ်တော့ ပြောနေတာမျိုးမရှိဘူး။ လိုအပ်ချက်ရှိရင် တင်ပြလို့ရတယ်၊ စိုက်ပျိုးရေးသမား၊ ခြံသမားတွေ၊ မြေသြဇာ ဈေးကြီးတဲ့ ကိစ္စတင်ပြနေတာ ဘာအခက်အခဲရှိလဲ အဲ့တာတွေပဲ မေးနေတယ်။ စာသင်ကျောင်းကိစ္စ လုပ်ပေးလောက်မယ်ထင်တယ်။ ပြီးတော့ မွန်အမျိုးသားကျောင်းကိစ္စ မိုးလုံလေလုံဆောက်ပေးဖို့ ပြောဆိုတာမျိုးရှိတယ်။ လုပ်ငန်းရှိတဲ့သူတွေ အာမခံရှိရင်တော့ ငွေထုတ်ပေးမယ်လို့ ပြောနေတာရှိတယ်။ လွှတ်တော်ကတော့ အားကိုးလို့ မရဘူး။ အရင်တုန်းကလည်း တင်ပြဖူးတား နည်းတာမဟုတ်ဘူးလေ။ ”

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks