Wednesday, May 13, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် စစ်တပ် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် သားအမိနှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

    ဘီးလင်းတွင် စစ်တပ် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် သားအမိနှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာဘက်တွင် စစ်ဘေးရှောင်များ စီးနင်းလာသည့် ကားကို စစ်ကော်မရှင်က ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်သားအမိ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ထံမှ သိရသည်။

    မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ယာဉ်မောင်းအပါ စစ်ဘေးရှောင် ၈ ဦး စီးနင်းလာသည့် ကားသည် လေးကေတောင်ဂူဝ ဘုရားလေးလမ်းတွင် စစ်ကော်မရှင် စစ်ကူစစ်ကြောင်းက ကားကို ရပ်တန့်ခိုင်းပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် ၄၆ နှစ်အရွယ် စစ်ဘေးရှောင် နော်ဖိုးပီနား (ခ) နော်ဖောအဲ့နှင့် ၎င်း၏ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် နော်ပန်းအိဖြူတို့ ၂ ဦး နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

    ၎င်းပြင် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးနှင့် အခြားစစ်ဘေးရှောင်တစ်ဦးတို့မှာလည်း သေနတ်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်။

    စစ်ကော်မရှင် စစ်ကြောင်းက သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ယာဉ်မောင်နှင့် စစ်ဘေးရှောင် အမျိုးသား သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မေလ ၁၀ ရက်နေ့တွင် ယာဉ်မောင်းနှင့် စစ်ရှောင် နှစ်ဦး ပြန်လွတ်လာသော်လည်း ကျန်စစ်ရှောင်တစ်ဦးကိုတော့ စစ်တပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု KNU က ထုတ်ပြန်ထားသည်။

    ဘီးလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေပြီး စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်များ၊ ဘာသာရေးနှင့် ပညာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိသည်ဟု KNU သထုံခရိုင်ထံမှ သိရသည်။

    စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကူစစ်ကြောင်းများ ဝင်းတာပန်ရွာထဲ ဝင်ရောက်ပြီး အရပ်သားပြည်သူ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သလို ပါရာမော်တာဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးမှု ရှိခဲ့သည်။

    စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည်ဟုလည်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks