Homeသတင်းဖမ်းဆီးထားဆဲဖြစ်သည့် သတင်းထောက်များအား အမြန်ဆုံးပြန်လွှတ်ပေးရေး မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) မှ တောင်းဆို

ဖမ်းဆီးထားဆဲဖြစ်သည့် သတင်းထောက်များအား အမြန်ဆုံးပြန်လွှတ်ပေးရေး မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) မှ တောင်းဆို

-

လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) မှ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းချခံထားရဆဲဖြစ်သည့် အတင်းသများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် ယနေ့ ကျရောက်သည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့တွင် တိုက်တွန်းတောင်းဆိုသည်။

အာဏာသိမ်းပြီးချိန်မှစ၍ အာဏာသိမ်းစစ်တပ်သည် သတင်းသမား ၂၀၀ ဦးကျော်ကို ဖမ်းဆီးခဲ့ပြီး ယနေ့အထိ နိုင်ငံတစ်ဝှမ်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသား ၁၇ ဦး အကျဉ်းချခံနေရဆဲဖြစ်သည်။

မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) အနေဖြင့် သတင်းသမာများအား ဖမ်းဆီးခြင်း၊ သတင်းရယူပိုင်ခွင့်ကို နည်းမျိုးစုံနှင့် တားဆီးပိတ်ပင်ခြင်းသည် ပြည်သူများ၏ နားမျက်စိများကို ပိတ်ပင်သော လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်ဖြစ်သဖြင့် ဖမ်းဆီးထားသော သတင်းထောက်များအား အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကပင် အရပ်သားအစိုးရ အသွင်ဆောင်ထားသည့် အာဏာသိမ်းစစ်တပ်သည် လွတ်လပ်သော သတင်းမီဒီယာ လုပ်ငန်း ၃ ခုကို လိုင်စင်ပိတ်သိမ်းခြင်းအားဖြင့် သတင်းမီဒီယာဖိနှိပ်မှုကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ သတင်းသမားများအပေါ် ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်သည်ဟုလည်း (IMJA) မှ ဆိုသည်။

တစ်ဖက်တွင်လည်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ Reporters Without Borders (RSF)က ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းအရ ကမ္ဘာတဝှမ်း သတင်းလွတ်လပ်ခွင့်အခြေအနေသည် ဆိုးရွားလာနေကြောင်း ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုအထဲတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၆၆ တွင် ရပ်တည်နေပြီး စာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံများထဲတွင် ပါဝင်နေသည်။

၎င်းအပြင် စစ်ပွဲများနှင့် အာဏာရှိသူများကြား အမှန်တရားကို ဖော်ထုတ်ရန် ကြိုးပမ်းနေသော မြန်မာသတင်းထောက်များသည် အကြမ်းဖက်မှု၊ ဖမ်းဆီးမှုနှင့် ခြိမ်းခြောက်မှုများ၏ ပထမဆုံးရင်ဆိုင်နေရသူများဖြစ်သည်။

ယုံကြည်စိတ်ချရသော သတင်းအချက်အလက်ရယူခွင့် ကျဆင်းပါက လူထုအတွင်း ယုံကြည်မှုကျဆင်းမှုများ ဖြစ်ပေါ်လာနိုင်ပြီး လူမှုစည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေနိုင်သဖြင့် သတင်းသမားများ၏ လုံခြုံရေးနှင့် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် နိုင်ငံတကာသို့ တိုက်တွန်းပြောဆိုထားသေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts