Homeသတင်းရေးမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ရေးမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာ၊ မြစ်ကူးတံတားပေါ်တွင် အမည်ဆိုးဖြင့် ကျော်ကြားနေသူ ပျူစောထီး ခေါင်းဆောင်ကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် ပျူစောထီးခေါင်းဆောင် မောင်နိုင်ဆိုသူ ၎င်းနေအိမ်သို့ ပြန်လာသည့်လမ်းတွင် ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်ဟု ၄င်း၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားချက်အရ သိရသည်။

ပျူစောထီး မောင်နိုင်သည် ချောင်းတောင်တံတားလမ်းပိုင်း သွားလာသူများကို စစ်ဆေးမှုများပြုလုပ်ခြင်း၊ အမျိုးသမီးများအပေါ် မဖွယ်မရာစစ်ဆေးခြင်း၊ ပြည်သူများထံမှ ငွေကြေးနှင့် ပစ္စည်းများ အဓမ္မသိမ်းဆည်းခြင်းများ လုပ်ဆောင်နေသည်ဟု ရေးဘီလူးက ဆိုသည်။

အဆိုပါအခြေအနေကြောင့် အမည်ဆိုးဖြင့် ကျော်ကြားနေသည့် ပျူစောထီးခေါင်းဆောင် မောင်နိုင်ကို ရေးဘီလူးအဖွဲ့မှ ရဲဘော်များ ပစ်ခတ်ရှင်းလင်ခဲ့ပြီးး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

၎င်းအပြင် ရေးမြို့ပေါ်ရှိ အရာရှိ၊ ရဲ၊ စသည့် စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများလည်း သတိနဲ့ သွားလာနေထိုင်ကြရန် ရေးဘီလူးအဖွဲ့မှ သတိပေးထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts