Homeသတင်းမော‎‌တောင်မြို့တွင် စစ်တပ်က တစ်ရက်အတွင်း လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက် နေအိမ်အချို့ ထိခိုက်ပျက်စီး

မော‎‌တောင်မြို့တွင် စစ်တပ်က တစ်ရက်အတွင်း လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက် နေအိမ်အချို့ ထိခိုက်ပျက်စီး

-

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် စစ်တပ်က တစ်ရက်အတွင်း လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့က မောတောင်မြို့အတွင်းသို့ စစ်တပ်က နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က Jet Fighter လေယာဉ်ဖြင့် မောတောင်အမှတ်(၁)အတွင်း ပေါင်၂၅၀ ဗုံး ၄ လုံးကို ပထမအကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်။

၎င်းပြင် ညနေ ၁ နာရီဝန်းကျင်ခန့်ကလည်း မောတောင်အမှတ်(၉)အတွင်း ပေါင် ၂၅၀ ဗုံး ၂ လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်တပ်မှ Jet Fighter လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။  

ဓာတ်ပုံ – စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသောပုံရိပ်များ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts