Homeသတင်းဘုတ်ပြင်းတွင် နှစ်နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ဘုတ်ပြင်းတွင် နှစ်နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

-

‎တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆော (ဘုတ်ပြင်း) မြို့နယ်၊ ဘိုဒါးကျေးရွာအတွင်းရှိ အာဏာသိမ်းစစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

လယ်ကဆော (ဘုတ်ပြင်း) မြို့နယ်၊ ဘုတ်ပြင်းမြို့နှင့် ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ် ဘိုဒါးကျေးရွာအတွင်း နှစ်နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ခဲ့ခြင်းဖြစ်သည်။

‎အဆိုပါ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဧပြီလ ၂၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင် စခန်းရှိ အာဏာသိမ်းတပ်ဖွဲ့ဝင်များအားလုံး ထွက်‌ပြေးသွားခဲ့သည်ဟု ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

‎‎ဓာတ်ပုံ- တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရရှိသည့် ဘိုဒါးစခန်း

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts