Homeသတင်းနိုင်ငံတကာ သတင်းဘန်ကောက် သကြႅန်ပွဲတော် စတင်ကျင်းပ

ဘန်ကောက် သကြႅန်ပွဲတော် စတင်ကျင်းပ

-

ထိုင်းနိုင်ငံ နှစ်သစ်ကူး ဆုန်ခရန် (Songkran) သကြႅန်ပွဲတော်ကို ဘန်ကောက်မြို့ရှိ စီးလုံ (Silom) လမ်းမပေါ်တွင် ယနေ့ ဧပြီလ ၁၂ ရက်၊ နေ့လည်ပိုင်း ၁ နာရီအချိန်က တရားဝင် စတင်ကျင်းပခဲ့ပါသည်။

ဘန်ကောက်သကြႅန်ပွဲတော်ကို မြို့အုပ်ချုပ်ရေးမှုးနှင့်အတူ ဘန်ကောက်မြို့တော်ကောင်စီဥက္ကဌ၊ ဘန်ကောက်လွှတ်တော်ကိုယ်စားလှယ်တို့က တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူများနှင့် နိုင်ငံခြားသားခရီးသွားများနှင့်အတူ ရေကစားခဲ့သည်။

ထို့အပြင် ဘန်ကောက်မြို့ရှိ နာမည်ကြီး ခေါက်ဆန် (Khao San) လမ်းမအပါအဝင် သကြႅန်ပွဲတော်ကို စတင်ကျင်းပနေပြီးဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းဆုန်ခရန် (Songkran) သကြႅန်ပွဲတော်ကာလကို ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ပွဲတော်ကာလအတွင်း စီးလုံ (Silom) လမ်း၊ ခေါက်စန် (Khao San) လမ်း၊ Siam Square၊ Central World နှင့် ဘန်ကောက် မြို့တော်ခန်းမစတဲ့ နေရာတို့သည် အစည်ကားဆုံးနေရာများဖြစ်သည်။

Photo – Khaosod English, The Standard

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts