Homeသတင်းရေးမြို့နယ် ခလရ-၃၄၃ မှ စစ်မှုထမ်းနှစ်ဦး လက်နက်နှင့်အတူ YGF တပ်ရင်းထံ အလင်းဝင်

ရေးမြို့နယ် ခလရ-၃၄၃ မှ စစ်မှုထမ်းနှစ်ဦး လက်နက်နှင့်အတူ YGF တပ်ရင်းထံ အလင်းဝင်

-

မွန်ပြည်နယ်၊ ရေးမြို့နယ် ခလရ – ၃၄၃တပ်ရင်းမှ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ရေးပြောက်ကျားတပ် (YGF) ထံ အလင်းဝင်လာကြောင်း တာဝန်ရှိသူမှ IMNA သို့ပြောသည်။

အဆိုပါ စစ်မှုထမ်းနှစ်ဦးသည် ဧပြီလ ၄ ရက်နေ့တွင် နည်းဗျူဟာ (၃၃) လက်အောက်ခံ YGF အမှတ် (၈၀၀၁) တပ်ရင်းသို့ ရောက်ရှိပူးပေါင်းခဲ့ကြပြီး MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ဘောက်နှင့် ကျည် ၂၃၀ တောင့်ကို ယူဆောင်လာခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသူနှစ်ဦးသည် ကိုယ်ပိုင်အမှတ် ပစ-173997 ပါ တပ်သား သန်းကိုကိုနှင့် ကိုယ်ပိုင်အမှတ် ပစ-176064 ပါ တပ်သား ဘိုဘိုကျော်တို့ဖြစ်ကြောင်း YGF မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်စောခေတ်သစ်က ပြောသည်။

ပုံ-YGF 

“နောက်ဆုံးနှစ်ယောက်ကတော့ ထောက်လှမ်းရေးဌာနရဲ့ကြိးစားမှုကြောင့် အချိတ်အဆက်ရပြီးတော့ သူတို့လမ်းကင်းယူနေတဲ့နေရာကနေထွက်လာပြီးတော့ သွားရောက်ခေါ်ဆောင်ခဲ့တာ” ဟု  သူက ဆိုသည်။

အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှုကြောင့် စစ်တပ်သို့ ဝင်ရောက်ခဲ့ရသူများဖြစ်ပြီး သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလိသင်တန်းကျောင်းနှင့် မန္တလေးတိုင်း ရမည်းသင်းသင်တန်းကျောင်းတို့မှ သင်တန်းဆင်းများဖြစ်ကြောင်းလည်း သိရသည်။

 YGF တပ်ဖွဲ့မှ အလင်းဝင်လာသူများကို အခြေအနေအလိုက် ဆုငွေများ ချီးမြှင့်နေပြီး သေနတ်ဖြင့် အလင်းဝင်လာသူကို ငွေကျပ်သိန်း ၃၀၊ ခဲယမ်းဖြင့် အလင်းဝင်လာသူကို ငွေကျပ် ၅ သိန်းနှင့် လက်နက်ခဲယမ်း မပါရှိသူများကို တစ်ဦးလျှင် ကျပ် ၃ သိန်း ခန့် ပေးအပ် ချီးမြှင့်နေကြောင်း သိရသည်။

သို့သော် ယခု ၂၀၂၆ ခုနှစ်မှတွင်  ဘဏ္ဍာငွေ အခက်အခဲကြောင့် အလင်းဝင်တပ်သားများအား ဆုငွေမချီးမြှင့်နိုင်သေးဟု အထက်ပါ ရဲဘော်က ဆက်ပြောသည်။

“ပုံမှန်လက်နက်နဲ့အလင်းဝင်သူဆိုရင်သိန်းသုံးဆယ်ချီးမြှင့်ပါတယ်။ 2026မှာနောက်ဆုံးအလင်းဝင်ထားတဲ့ ၁၁ ဦးကိုတော့ ဘဏ္ဍာငွေအခက်အခဲရှိနေတာကြောင့် ဆုငွေမချီးမြှင့်ရသေးပါဘူး၊ဒီလအတွင်းမှာဆုငွေချီးမြှင့်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ထိုသူက ဆက်ပြောသည်။

စစ်အာဏာသိမ်း ကာလတစ်လျှောက် YGF တပ်ရင်းသို့ အလင်းဝင်လာသည့် တပ်သားစုစုပေါင်း ၂၃ ဦးအထိ ရှိလာခဲ့ပြီး အဆိုပါအလင်းဝင်တပ်သားများသည် တိုက်ခိုက်ရေးနှင့် ထောက်ပို့ရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်နေကြကြောင်းလည်း သိရသည်။

စစ်သုံ့ပန်းနှင့် အလင်းဝင်တပ်သား အချက်အလက်များဆိုင်ရာ စုဆောင်းနေသည့် ပြည်သူ့ပန်းတိုင်အဖွဲ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ မတ်လအထိ တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၉၉၂ ဦး အထိ ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts