Homeသတင်းပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် စစ်တပ်ပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီက ဦးခင်ရီကို ရွေးချယ်တင်မြှောက်

ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် စစ်တပ်ပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီက ဦးခင်ရီကို ရွေးချယ်တင်မြှောက်

-

မတ်လ ၁၆ ရက်နေ့တွင် တတိယကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး လွှတ်တော် ဥက္ကဌအဖြစ် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဦးခင်ရီကို ရွေးချယ်တင်မြှောက်လိုက်သည်။

ဦးခင်ရီသည် စစ်တပ်ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အနေဖြင့် နေပြည်တော်၊ တပ်ကုန်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။

ဦးခင်ရီသည် ဗိုလ်မှူးချုပ်အဆင့်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဖြစ်လာသူဖြစ်သည်။

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌကိုလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဖြစ်သည့် နေပြည်တော်၊ တပ်ကုန်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမောင်မောင်အုန်းကို ရွေးချယ်တင်မြှောက်ခဲ့သည်။

ဦးမောင်မောင်အုန်းသည် အာဏာသိမ်းစစ်တပ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေသူဖြစ်ပြီး ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၃၇၃ ဦးရှိပြီး၊ စစ်တပ်ကျောထောက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၂၃၁ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ နှင့် ကျန်နိုင်ငံရေးပါတီများက ကိုယ်စားလှယ် ၃၁ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးတို့ ဖြစ်သည်။

photo credit – USDP

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts