Sunday, March 8, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီဝယ်ယူရရှိမှုခက်ခဲနေစဉ် ကုမ္ပဏီလျှပ်စစ်မီး ဖြန့်ဖြူးချိန်လျှော့ချထား

    စက်သုံးဆီဝယ်ယူရရှိမှုခက်ခဲနေစဉ် ကုမ္ပဏီလျှပ်စစ်မီး ဖြန့်ဖြူးချိန်လျှော့ချထား

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းအတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီများမှ စက်သုံးဆီဝယ်ယူရရှိမှု ခက်ခဲနေစဉ် လျှပ်စစ်မီး ဖြန့်ဖြူးပေးချိန် ပြောင်းလဲလျော့ချထားကြောင်း ရေးဒသခံများထံ သိရသည်။

    ယနေ့ မတ်လ ၇ ရက်နေ့မှစ၍ ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် Northern Ye Electricity Distribution Service (NYEDS) ကုမ္ပဏီမှ လျှပ်စစ်မီးဖြန့်ဖြူးချိန်ကို ညနေ ၆နာရီမှ နံနက် ၆ နာရီအထိ ပြောင်းလဲသတ်မှတ်ထားသည်ဟု သုံးစွဲသူပြည်သူများထံ အသိပေးကြေညာထားသည်။

    ပုံ-NYEDS

    ရေးဒေသခံတစ်ဦးက “မီးက ၄ ရက်နေ့ကတည်းက သူကြေညာထားတယ် ဒီနေ့စပြီး ညနေ ၆ နာရီကနေ မနက်ပိုင်း ၆ နာရီအထိ လို့ ပြောင်းထားတယ် ဒီနေ့ပဲ သူစလိုက်တာ ဘယ်အချိန်ထိ ပြောင်းလဲပေးသွားမယ်ဆိုတာတော့ စက်သုံးဆီအပေါ်မှာပဲ မူတည်နေတယ်နေတယ် ပြောထားတာပဲ” ဟု ဆိုသည်။

    Northern Ye Electricity Distribution Service (NYEDS) မှ ရေးမြို့နယ်မြောက်ပိုင်းရှိရွာများသို့ တစ်ယူနစ် ၂၂၅၀ ကျပ်ဖြင့် ၂၄ နာရီ ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး စက်သုံးဆီဝယ်ယူရရှိမှုအပေါ် မူတည်ပြီး လျှပ်စစ်မီးပြောင်းဖြန့်ဖြူးမည့်အချိန်ကို ထမ်မံ ကြေညာသွားမည်ဟုလည်း ဆိုသည်။

    လျှပ်စစ်မီးကို နေ့ဘက်အချိန်တွင် လျှော့ချထားသဖြင့် လျှပ်စစ်မီးအသုံးပြု အလုပ်လုပ်နေရသူများအတွက် အခက်အခဲကြုံလာမည်ကိုစ်ုးရိမ်းနေကြသည်ဟု ဆိုသည်။

    “ကိတ်မုန့်အလုပ်တွေ စက်ချုပ်အလုပ်တွေ အလုပ်အများစုက လျှပ်မီးနဲ့ပဲသုံးရတယ်လေ မီးက နေ့ဘက်မလာတော့ အကုန် ဒုက္ခရောက်ကုန်တော့မယ် အလုပ်တွေလုပ်လို့အဆင်မပြေတော့ဘူး ဒီနေ့က ပထမနေ့ဆို ကောင်းသေးတာပေါ့ ကြာလာရင်တော့ ဘယ်လိုမှ အ‌ဆင်မပြေဘူး” ဟု ကိတ်မုန့်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

    ရေးမြို့နယ်တွင် လျှပ်စစ်မီးများကို ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီများဖြစ်သည့် (NYEDS) ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၃ ခုမှ ဖြန့်ဝေပေးနေပြီး စက်သုံးဆီဈေးနှုန်း ကြီးမြင့်နှင့် ဝယ်ယူရရှိမှု ခက်ခဲချိန်တိုင်း အလှည့်ကျစနစ်ဖြင့် မီးပေးနေရကြောင်း ဒေသခံများကဆိုသည်။

    လက်ရှိ ရေနံထွက်ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ မွန်ပြည်နယ် စက်သုံးဆီအရောင်းဆိုင်များ ဆိုင်ကယ်တစ်စီး ၅၀၀၀ ကျပ်၊ သုံးဘီး/အိုးဝေတစ်စီးလျှင် ၁၀၀၀၀ ကျပ်၊ အိမ်စီးကားသည် ၄၀၀၀၀ ကျပ်၊ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ကားများသည် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ရောင်းချရန် အသိပေးထားသည်။

    စစ်ကော်မရှင်မှ ဆီလုပ်ငန်းရှင်များအားသတ်မှတ်သည့် ပမာဏနှုန်းထားအတိုင်း ရောင်းချရမည်ဟု ညွှန်ကြားထားသော်လည်း ဝယ်ယူမှုများပြီး စက်သုံးဆီအဝင်အထွက်မမျှသဖြင့် အရောင်းရပ်နားပြီး ဆိုင်ပိတ်ထားရသည့် အခြေအနေများလည်း ဖြစ်နေသည်။

    ယနေ့ မော်တော်ယာဉ်များ စုံ/မ နံပါတ်ထွက်ရမည့် သတ်မှတ်ထားသည့် ပထမနေ့တွင် မဂဏန်းယာဉ်များကိုသာ စက်သုံးဆီဖြည့်ပေးနေသည့်အပြင် လိုင်စင်မဲ့ယာဉ်များကိုလည်း စက်သုံးဆီမရောင်းချသဖြင့် အရောင်းဆိုင်များတွင် ဆီထည့်ရန် တန်းစီသူနည်းပါးသွားကြောင်းလည်း သိရသည်။

    ရေးမြို့နယ်ရှိ လျှပ်စစ်မီးကုမ္ပဏီများမှ စက်သုံးဆီများကို မွန်ပြည်နယ်ဘက်မဟုတ်ဘဲ တနသာၤရီတိုင်းဒေသကြီး ထားဝယ်ဆိပ်ကမ်းဘက်မှတစ်ဆင့် ဝယ်ယူတင်သွင်းနေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks