Homeသတင်းမွန်နှင့် ကရင်ဆက် အတ္ထရံ (မော်လမြိုင်)နှင့် ဂျိုင်း (ဇာသပြင်) တံတားအသစ် ဖွင့်လှစ်

မွန်နှင့် ကရင်ဆက် အတ္ထရံ (မော်လမြိုင်)နှင့် ဂျိုင်း (ဇာသပြင်) တံတားအသစ် ဖွင့်လှစ်

-

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို အဓိက ဆက်သွယ်သည့် အတ္ထရံ (မော်လမြိုင်) နှင့် ဂျိုင်း (ဇာသပြင်) တံတားအသစ်ကို ယနေ့ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး ဖြတ်သန်းသွားလာခွင့်ပြုကြောင်း သိရသည်။

အရှေ့ -အနောက်စီးပွားရေးစင်္ကြံလမ်းမပေါ်ရှိ အတ္ထရံ (မော်လမြိုင်) နှင့် ဂျိုင်း (ဇာသပြင်) တံတားဟောင်းသည် အန္တရာယ်ရှိတံတားအဖြစ် သတ်မှတ်ပြီးနောက် တံတားအသစ် ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်ခဲ့သည်။

အတ္ထရံ (မော်လမြိုင်) နှင့် ဂျိုင်း (ဇာသပြင်) တံတားအသစ် တည်ဆောက်ရန် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးကူညီမှု ချေးငွေမှ ရရှိခြင်းဖြစ်ပြီး အရှေ့ -အနောက်စီးပွားရေးစင်္ကြံဖွံ့ဖြိုး ရေးစီမံကိန်း၏ ချေးငွေဆိုင်ရာ အပိုင်း(၂) အရ ရရှိသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက၏ အချက်အလက်အရ သိရသည်။

အရှည် ၃၂၆ မီတာ ရှိ အတ္ထရံ (မော်လမြိုင်) နှင့် အရှည် ၇၉၆ မီတာ ရှိသည့် ဂျိုင်း (ဇာသပြင်) တံတားတို့ကို ၂၀၂၀ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ကြိုးတံတား အမျိုးအစားဖြစ်သည်။

တံတား အသစ်နှစ်စင်း ဖြတ်သန်းသွားလာခွင့်ကို ယခင်သတ်မှတ်ချိန်အတိုင်း နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း သိရသည်။

photo credit – CJ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts