ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်း၊ ဗိုလ်အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့ တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က သမီးပေါ်သောကျေးရွာနှင့် ကနဲဃော(ပျားသားချောင်း) ကျေးရွာကြားတွင် KNLA တပ်ဖွဲ့ဝင်များ ဗိုလ်အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့တို့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
KNLA တပ်ဖွဲ့ဝင်များသည် စစ်ကော်မရှင်တပ်နှင့် စစ်ရေးဖော်ဆောင်ရန်အတွက် စစ်အင်အားဖြည့်တင်းရန်သွားစဉ် လမ်းတွင် KTLA အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု KNU က ထုတ်ပြန်ထားသည်။
အဆိုပါ ခြံခိုတိုက်ခိုက်ခံရမှုအတွင်း KNLA တပ်မဟာ(၄)၊ တပ်ရင်း (၁၂) မှ တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU က ဆိုထားသည်။






ဓာတ်ပုံ- ခြံခိုတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသည့် KNLA တပ်ဖွဲ့ဝင်များ
ပုံခရက်တစ် – KNU


