Homeသတင်းKTLA တိုက်ခိုက်မှုကြာင့် KNLA တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရ

KTLA တိုက်ခိုက်မှုကြာင့် KNLA တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရ

-

‎ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်း၊ ဗိုလ်အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့ တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင် ၅ ဦး‌ ထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က သမီးပေါ်သောကျေးရွာနှင့် ကနဲဃော‌(ပျားသားချောင်း) ကျေးရွာကြားတွင် KNLA တပ်ဖွဲ့ဝင်များ ဗိုလ်အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့တို့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KNLA တပ်ဖွဲ့ဝင်များသည် စစ်ကော်မရှင်တပ်နှင့် စစ်ရေးဖော်ဆောင်‌ရန်အတွက် စစ်အင်အားဖြည့်တင်းရန်သွားစဉ် လမ်းတွင် KTLA အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု KNU က ထုတ်ပြန်ထားသည်။

အဆိုပါ ခြံခိုတိုက်ခိုက်ခံရမှုအတွင်း KNLA တပ်မဟာ(၄)၊ တပ်ရင်း (၁၂) မှ တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU က ဆိုထားသည်။

‎ဓာတ်ပုံ- ခြံခိုတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသည့် KNLA တပ်ဖွဲ့ဝင်များ

ပုံခရက်တစ် – KNU

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts