Homeသတင်းဂျပန်ရေတွင်းရွာတွင် ကျင်းပသည့် (၂၂) ကြိမ်မြောက်မွန်အမျိုးသမီးများနေ့ အခမ်းအနား

ဂျပန်ရေတွင်းရွာတွင် ကျင်းပသည့် (၂၂) ကြိမ်မြောက်မွန်အမျိုးသမီးများနေ့ အခမ်းအနား

-

မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့ CMWO မှ ဦးဆောင်၍ ယနေ့ တပေါင်းလဆန်း ၁၂ ရက်နေ့တွင် ကျရောက်သည့် (၂၂) ကြိမ်မြောက်မွန်အမျိုးသမီးများနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဘုရားသုံးဆူ ဒေသတစ်ဝိုက်ရှိ ရပ်မိရပ်ဖများ၊ နယ်စပ်ကျန်းမာရေးအဖွဲ့၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် မွန်အမျိုးသားပညာရေးဌာနမှလည်း ပါဝင်တက်ရောက်ခဲ့သည်။

(၂၂) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့ CMWO မှ ဦးဆောင်၍ ယနေ့တွင် ပေါင်မြို့နယ်တွင် ဇင်းကျိုက်ရွာ၊ ကျိုက်မရောမြို့နယ်တွင် ကျုံမနင်းရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပေါလောကုန်းရွာ၊ ရေးချောင်းဖျားဒေသနှင့် ဘုရားသုံးဆူဒေသတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ပုံ-IMNA သတင်းအရင်းမြစ်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts