Homeသတင်းကန်ချနဘူရီတွင် ရဲကိုထွက်ပြေးမောင်းနှင်သည့် တရားမဝင်မြန်မာလုပ်သားယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပြီး ၂၃ ဦး ဒဏ်ရာရ

ကန်ချနဘူရီတွင် ရဲကိုထွက်ပြေးမောင်းနှင်သည့် တရားမဝင်မြန်မာလုပ်သားယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပြီး ၂၃ ဦး ဒဏ်ရာရ

-

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင်မြန်မာလုပ်သားများ တင်ဆောင်လာသော ယာဉ်တစ်စီး ထိုင်းရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုမှ ရှောင်တိမ်းရန် မောင်းနှင်ထွက်ပြေးစဉ် လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားပြီး မြန်မာလုပ်သား ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် ကန်ချနဘူရီမြို့၊ ဝမ်ဒုန်း (Wang Dong) ကျေးရွာအုပ်စု၊ ဘန်နောင်ဆမ်ဖရန် (Ban Nong Sam Phran) ကျေးရွာအုပ်စုအမှတ် (၉)တွင် တိမ်းမှောက်မှု ဖြစ်ခဲ့ကြောင်းလည်း သိရသည်။

ထိုင်းအဝေးပြေးရဲတပ်ဖွဲ့ အမှတ် ၆၊ ကော်မန်ဒ် ၂ မှ ရဲများ အဆိုပါယာဉ်ကို မသင်္ကာမှုကြောင့် ဆိုင်ယုတ် (Sai Yok) မြို့နယ်မှ စတင်လိုက်လံတားဆီးခဲ့ရာ ယာဉ်မောင်းမှ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသဖြင့် ယာဉ်ထိန်းချုပ်မှု ဟန်ပျက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အခင်းဖြစ်နေရာတွင် ဘန်ကောက်လိုင်စင်နံပါတ်ပါ မစ်ဆူဘီရှီ (Mitsubishi) ပစ်ကပ်ကားတစ်စီး ဆိုးရွားစွာ ပျက်စီးနေပြီး အမျိုးသား၊ အမျိုးသမီး တရားမဝင်မြန်မာလုပ်သား ၅၀ကျော်အထိ ပြည့်ကြပ်စွာ တင်ဆောင်ထားသည်ဟုလည်း သိရသည်။

ယာဉ်တိမ်းမှောက်ချိန်တွင် မြန်မာလုပ်သားများ လမ်းပေါ်သို့ လွင့်စင်ကျခဲ့ကြပြီး စုစုပေါင်း ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းအပြင် ဒဏ်ရာပြင်းထန်ရရှိထားသူတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ဖဟွန်ဖွန်ဖယူဟာဆီနာ (Phaholpolpayuhasena) ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားသည်။

ကျန်ရှိနေသည့် တရားမဝင်မြန်မာလုပ်သားများကို ထိုင်းအာဏာပိုင်များက ယာယီဖမ်းဆီးထိန်းသိမ်းထားပြီး နောက်ကွယ်ရှိ တရားမဝင် လူကုန်ကူးမှုဆိုင်ရာ ကွန်ယက်များကို ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။

ကိုးကား- โจโฉ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts