Homeသတင်းဒွါရဝတီယဉ်ကျေးမှု အမှတ်အသားများစွာရှိသည့် ဆူဖန်ဘူရီပြည်နယ် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ပထမည

ဒွါရဝတီယဉ်ကျေးမှု အမှတ်အသားများစွာရှိသည့် ဆူဖန်ဘူရီပြည်နယ် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ပထမည

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၃၁ ၊ ၂၀၂၆။

ထိုင်းနိုင်ငံတွင် (၇၉) ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကို ဗဟိုနေရာအဖြစ် ဒွါရဝတီယဉ်ကျေးမှာဆိုင်ရာအမှတ်အသားများစွာရှိသည့် ဆူဖန်ဘူရီမြို့ပေါ်န်ဘုန်းကြီးကျောင်းတွင် ဇန်နဝါရီ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နှစ်ရက်တာကျင်းပမည်ဖြစ်ကြောင်း သိရသည်။ဇန်နဝါရီ ၃၁ နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံရှိမွန်လူမျိုးနှင့် ပြည်တွင်းရှိမွန်လူမျိုးများ နှစ်နိုင်ငံကြား မိတ်ဆက်ပွဲ အစီအစဉ်၊ လက်ရှိထိုင်းဘုင်မင်းမြတ် မယ်တော် ကွယ်လွန်ခြင်း ဝမ်းနည်းအထိမ်းအမှတ်အဖြစ် ညနေပိုင်းတွင် ဖယောင်းတိုင်မီးထွန်းညှိ၍ ငြိမ်သက်ခြင်းနှင့် မွန်၊ထိုင်း ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေကျင်းပခဲ့သည်။

ဘန်ဘောက်မြို့မွန်လူငယ်များအဖွဲ့မှ ထိုင်းနိုင်ငံ မွန်အမျိုးသားနေ့ ဗဟိုအဆင့်အခမ်းအနားကိုဦးဆောင်ပြုလုပ်နေခြင်းဖြစ်ပြီး ယခုနှစ်ကို ဒွါရဝတီခေတ်က မွန်လူမျိုးများစွာ နေထိုင်ခဲ့သည့် ဆူဖန်ဘူရီပြည်နယ်တွင် ရွေးချယ်ပြုလုပ်ခဲ့သည်။

မွန်ယဉ်ကျေးမှုဆိုင်ရာ အခြေခံထားသည့် ဒေသဟုဆိုနိုင်သည့် ဆူဖန်ဘူရီ ၇၉ ကြိမ်မြောက်မွန်အမျိုးသား အခမ်းအနားသို့ ထိုင်းနိုင်ငံရှိ မွန်လူမျိုးများစွာ ပူးပေါင်းပါဝင်လျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts