spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းစစ်ကော်မရှင်လက်နက်ကြီးကြောင့် ဘီးလင်းတွင် မြေးအဘွားနှစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

    စစ်ကော်မရှင်လက်နက်ကြီးကြောင့် ဘီးလင်းတွင် မြေးအဘွားနှစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၆။

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အလူးကြီးကျေးရွာတွင် စစ်ကော်မရှင်အဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အတွင်းရှိ မြေးအဘွားနှစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်တွင် ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာအနီးရှိ စစ်ကော်မရှင် ခြေမြန်တပ်ရင်း ခမရ -၃ မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုပြုလုပ်ဆောင်ခဲ့ပြီး အလူးကြီးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

    နေအိမ်အတွင်းရှိ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သူ့မ၏မြေး ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဘီးလင်းဒေသခံအမျိုးသမီးတစ်ဦးက IMNA သို့ ပြောကြားသည်။

    “အလူးကြီးနဲ့ ခမရ ၃ က ၃ မိုင်လောက်အကွာဝေးတယ်။ အိမ်တည့်တည့်ကို ကျပြီး မြေးဖွား ၂ ယောက်ပွဲချင်းပြီး။ ပြီးတော့ အမျိုးသမီးတစ်ဦး ပြင်းထန် ဒဏ်ရာရတော့ ဘီးလင်းဆေးရုံကို ပို့ထားတယ်။ အချက်အလက်အတိအကျတော့ မသိရသေး” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

    ထိုအပြင် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန်ခဲ့ ဒဏ်ရာပြင်းထန်ခဲ့သဖြင့် လက်ရှိတွင် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေသည်ဟု  ဆက်ပြောသည်။

    ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုဆက်တိုက်လုပ်ဆောင်နေသဖြင့် ဘီးလင်းဒေသခံများ ထိန့်လန့်နေရသည်။

    “သူတို့က ဒီလိုပဲပစ်နေကြတာ အကြောင်းအရာရှိရှိ မရှိရှိ ပစ်နေကြတာပဲ၊ ဒီအချိန်မှာဆို ဘယ်နေရာမှာပဲဖြစ်ဖြစ် သူတို့အုပ်ချူပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ တော်လှန်းရေးတွေ အုပ်ချုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် စိုးရိမ်နေရတယ် မလုံခြုံဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

    ဇန်နဝါရီလ ၂ ရက်နေ့ ၉ နာရီဝန်းကျင်တွင်လည်း စစ်ကော်မရှင် တပ်ရင်း ခမရ ၃ မှ ဒေသအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦးသေဆုံးသည့်အပြင် ၂ နှစ်ရွယ် ကလေးငယ်နှင့် အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်တွင်လည်း ဘီးလင်းမြို့နယ်အခြေစိုက် ခမရ ၃ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အလူးကြီးနောက်ဘက်ကမ်းရှိ ဘုန်းကြီးကျောင်းတစ်ခုအရပ်သား ၂ ဦးသေဆုံးပြီး ၁ ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks