spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဝင်းရော်ဆိပ်ကြီးမြစ်ကူးတံတား ပြုပြင်နေသဖြင့် သုံးရက်ကြာ ဖြတ်သန်းခွင့် ပိတ်ထား

    ဝင်းရော်ဆိပ်ကြီးမြစ်ကူးတံတား ပြုပြင်နေသဖြင့် သုံးရက်ကြာ ဖြတ်သန်းခွင့် ပိတ်ထား

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၆။

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် မုဒုံ-အဘစ်-ဘုရားသုံးဆူလမ်းပိုင်း၊ ဝင်းရော်ဆိပ်ကြီးကျေးရွာရှိ ဝင်းရော်မြစ်ကူးတံတားကို  ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်နေသဖြင့် သုံးရက်ကြာ သွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

    မုဒုံမြို့မှ ဘုရားသုံးဆူမြို့သို့ အဓိကသွားလာဖြတ်သန်းရာ လမ်းကြောင်းပေါ်ရှိ အဆိုပါတံတားသည် ယမန်နှစ်မိုးတွင်းပိုင်းကပင်  တံတားအစိတ်အပိုင်းအချို့ ပျက်စီးနေသဖြင့်  ပြုပြင်ရန် လိုအပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှစတင်၍ ၂၉ ရက်နေ့အထိ တံတားပြုပြင်ထိန်းသိမ်းခြင်းများလုပ်ဆောင်သွားရန်ရှိပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

    “တံတားက အပျက်အစီးများတယ်။ တစ်နှစ်တစ်ခါနှစ်တိုင်းပြင်နေရတယ်။ ခုက ကျနော်တို့ ခရီးသွားလာသူတွေဆီကနေ ရတဲ့အလှူငွေတွေ ရွာကအလှူငွေတွေစုပြီး သစ် ၁၅ တန်ချိန် ဝယ်ထားတယ်။ လိုအပ်တဲ့နေရာတွေ အကုန်ပြင်သွားမယ်” ဟု တံတားပြုပြင်ဆောက်လုပ်ရေးတွင် ပါဝင်သူဒေသခံတစ်ဦးက  ပြောသည်။

    ပြုပြင်ထိန်းသိမ်းရေးကာလအတွင်း ယာဉ်များ တံခွန်တိုင်ကျေးရွာဘက်မှတစ်ဆင့် ထီးပေါ့ကလိုး ကျေးရွာဘက်သို့ အသုံးပြုသွားလာနေကြသည်ဟု သိရသည်။

    ဝင်းရော်ဆိပ်ကြီးမြစ်ကူးတံတား ပြုပြင်ရေးလုပ်ငန်းများကို သုံးရက်အတွင်း ပြီးစီးရန် စီစဉ်ထားပြီး လုပ်ငန်းများ ပြီးဆုံးပါက ယာဉ်အသွားအလာများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    “ခုလက်ရှိမှာ တံတားပြုပြင်တာဆိုတော့ ခရီးသွားသူတွေ ခဏလောက် ယာဉ်တွေကို သွားခွင့်ပိတ်ထားတာပါ။ ပြီးသွားရင် ပုံမှန်အတိုင်းပြန်ဖွင့်သွားမယ်” ဟု ကျေးရွာတာဝန်ရှိသူက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၅ စက်တင်ဘာမှစ၍  တံတားပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် တံတားမှတစ်ဆင့် ဖြတ်သန်းသွားလာနေသည့် ယာဉ်ကြီးတစ်စီးလျှင် ၅၀၀၀ ကျပ်၊ ယာဉ်ငယ်တစ်စီးလျှင် ၃၀၀၀ ကျပ်ဖြင့်  ငွေစတင်ကောက်ခံခဲ့ရာ ကျပ်သိန်း ၃၀၀ ကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ ဝင်းရော်ဆိပ်ကြီးတံတားပေါ်တွင် တစ်ရက်လျှင် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်အစီးပေါင်း ၁၀၀ ကျော်အထိ ဖြတ်သန်းသွားလာနေပြီး တံတားပေါ်သို့ ဖြတ်သန်းမည့် အလေးချိန်များကို ကန့်သတ်ထားသော် ကုန်တင်ယာဥ်အချို့ လိုက််နာမှူမရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks