Homeသတင်းမွန်မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များကို မွန်ပြည်သစ်ထိန်းချုပ်ရာဒေသများတွင်  စတင်အကောင်အထည်ဖော်

မွန်မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များကို မွန်ပြည်သစ်ထိန်းချုပ်ရာဒေသများတွင်  စတင်အကောင်အထည်ဖော်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ-၁၉၊ ၂၀၂၆။

မွန်မူယစ်ဆေးဝါမူဝါဒရေးဆွဲရေးအဖွဲ့(MDPT)မှ ပြုစုရေးဆွဲလျှက်ရှိသော မူးယစ်ဆေးဝါမူဝါဒတစ်ရပ် ထွက်ပေါ်လာပြီးဖြစ်သဖြင့် မူဝါဒအတွင်းပါရှိသည့် လုပ်ငန်းစဉ်များအတိုင်း မွန်ပြည်သစ်ထိန်းချုပ်ရာဒေသရှိ ဒေသခံပြည်သူများထံ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီးဖြစ်သည်ဟု အဖွဲ့ဝင်များက IMNA သို့ ပြောကြားသည်။

မွန်ပြည်သူလူထုများ ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါပြဿနာကို ဖြေရှင်းနိုင်ရန်အပြင် အသိပညာပေး လုပ်ငန်းစဉ်များကိုလည်း နည်းလမ်းကျကျဖြင့် မူဝါဒလမ်းကြောင်းတခုတည်းပေါ်တွင် ရည်တည်နိုင်ရန်အတွက် မွန်မူးယစ်ဆေးဝါးမူဝါဒတစ်ရပ်ကို ၂၀၂၁ ဇွန်လမှစ၍  စတင်ရေးဆွဲနေကြောင်း သိရသည်။

မူဝါဒအတွင်းပါရှိသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် မူးယစ်ဆေးဝါးအသိပညာပေးရေးဆိုင်ရာ အစီအစဉ်ကို ယခုဇန်နဝါရီလတွင် ရေးချောင်းဖျားဒေသနှင့် ကြားအင်းဆိပ်ကြီးဒေသများသို့ အတည်ပြုအကောင်အထည်ဖော်နေပြီးဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။

“အခုလောလောဆယ် ကျမတို့အဖွဲ့အနေနဲ့က ရေးဆွဲထားတဲ့မူဝါဒလုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်နေပြီး။ အဓိက ဒီစတင်အကောင်ထည်ဖော်တဲ့နှစ်စမှာ Foundation အခြေခိုင်ဖို့ကို ဦးတည်လုပ်ဆောင်နေတယ်။ မူကိုအခြေခံပြီးတော့မဟာဗျုဟာတွေထွက်နိုင်အောင် ကြိုးစားလုပ်ဆောင်နေတယ်။ ဒါ့အပြင်လူငယ်နဲ့ပတ်သက်တဲ့အရာတွေဆိုရင် ကြားအင်ဆိပ်ကြီးကလူငယ်နဲ့ ရေးချောင်းဖျားကလူငယ်တွေကို target ထားပြီးတော့ အသိပညာပို့ချရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတယ်။” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ ခရိုင်အသီးသီးတွင် ဖွင့်လှစ်ထားသည့် မူယစ်ဆေးဝါးထိန်းသိမ်းရေးစခန်းရှိ မူးယစ်ဆေးစွဲသူများအတွက် အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးနှင့် အသိပညာပေးရေးဆိုင်ရာ မူဝါဒလုပ်ငန်းစဥ်ကိုလည်း စတင်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးမူဝါဒကို  ဒေသခံပြည်သူလူထု၏ အသံ၊ မွန်အဖွဲ့အစည်းအသီးသီးနှင့် ဌာနအသီးသီးတို့၏ အမြင်သဘောထားနှင့် အချက်အလက်များကို ထည့်သွင်း၍ ရေးဆွဲပြုစုခဲ့ခြင်းဖြစ်သဖြင့် အဆိုပါအဖွဲ့များထံသို့ တရားဝင်ချပြပေးသွားရန် ရှိကြောင်းလည်း သိရသည်။

မွန်ဒေသတွင် မူးယစ်ဆေးဝါးဝယ်ယူရရှိရန် လွယ်ကူလာနေသဖြင့်  မူးယစ်ဆေးဝါးသုံးစွဲမှု စိုးရိမ်သည့်အခြေအနေတွင်ရှိနေပြီး ကျောင်းထွက်နှုန်းနှင့် အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်များလည်း ပိုများလာနေသည်။

မွန်လူထုတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာကို မွန်လူမှုအဖွဲ့အစည်းများ၊ မွန်လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ တော်လှန်လှန်ရေးအဖွဲ့တို့အနေဖြင့် အားပေးအားမြှောက်မပြုဘဲ ဝိုင်းဝန်းဖြေရှင်းပေးရန် မွန်ဒေသခံများ လိုလားနေကြသည်။

ပုံ-Mon Drug Policy

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts