Homeသတင်းနိုင်ငံတကာ သတင်းထိုင်းနိုင်ငံ ရာမာ -၂ လမ်းမ‌ပေါ်ရှိ ဆောက်လုပ်ရေးကရိန်းပြိုကျသည့်နေရာတွင် မီးလောင်မှုဖြစ်ပွား

ထိုင်းနိုင်ငံ ရာမာ -၂ လမ်းမ‌ပေါ်ရှိ ဆောက်လုပ်ရေးကရိန်းပြိုကျသည့်နေရာတွင် မီးလောင်မှုဖြစ်ပွား

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ ၂၀ ၊ ၂၀၂၆။

ထိုင်းနိုင်ငံ၊ စမွတ်စခွန် ပြည်နယ်အတွင်းရှိ ဖလန်ဆောင်(ရာမာ -၂) လမ်းမ ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သည့်နေရာတွင် ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြထားသည်။

မိုးပျံရထားလမ်း စီမံကိန်းအတွက် အသုံးပြုနေသည့် ဆောက်လုပ်ရေးကရိန်းပြိုကျခဲ့သည့် နေရာအပျက်အစီးများကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ကနဦးစစ်ဆေးချက်များအရ ကရိန်းပစ္စည်းများ ပြုတ်ကျပြီး အောက်ရှိ ဟိုက်ဒရောလစ်စနစ်များကို ထိမှန်ရာ ပတ်ဝန်းကျင်ရှိ သံမဏိအပုံနှင့် သတ္တုပစ္စည်းများမှ ထွက်ပေါ်လာသည့်အပူဓါတ်နှင့် ထိတွေ့ရာမှတစ်ဆင့် မီးပွားများ၊ မီးတောက်များ ထွက်ပေါ်လာကြောင်း  ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ၎င်းဖလန်ဆောင် (ရာမာ -၂ )လမ်းမပေါ်တွင် ဆောက်လုပ်ရေး ကရိန်းတစ်စင်း ကားများပေါ် ပြိုကျခဲ့ခြင်းကြောင့် လူ ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ နောက်ဆက်တွဲ ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ဆိုက်၏တည်ဆောက်ပုံ လုံခြုံမှုကို အကဲဖြတ်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အာဏာပိုင်များက ထိုင်းသတင်းများတွင် ပြောကြားထားသည်။

Thai Ch8 မှ ကိုးကားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts