spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်း၂၀၂၆ နှစ်အစပိုင်း ၄ လ ခန့်အထိ အအေးဓါတ် ဆက်လက်လွှမ်းခြုံနိုင်

    ၂၀၂၆ နှစ်အစပိုင်း ၄ လ ခန့်အထိ အအေးဓါတ် ဆက်လက်လွှမ်းခြုံနိုင်

    -

    ၂၀၂၆ နှစ်အစပိုင်း ၄ လအထိ ပြည်နယ်နှင့်တိုင်းအားလုံးတွင် အအေးဓါတ် ဆက်လက်လွှမ်းခြုံနိုင်ပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် ဝ.၁ ဒီဂရီစင်ဒီဂရိတ်ခန့် လျော့ကျပြီး အအေးပိုနိုင်ကြောင်း မိုးလေဝသကျွမ်းကျင် ပညာရှင်များမှ ခန့်မှန်းထားသည်။

    အမြင့်ပေ ၁၈၀၀၀ မှ အားကောင်းသော အနောက်လေစီးကြောင်းနှင့် ထိုအမြင့်ပေမှ အနှုတ် ၈ ဒီဂရီ စင်ဒီဂရိတ်ရှိသည့် အပူချိန်သည် မြန်မာနိုင်ငံဒေသအားလုံးကို အအေးဓါတ်များ ပိုမိုလွှမ်းခြုံနေကြောင်းလည်း မိုးလေဝသကျွမ်းကျင် ပညာရှင် ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြိုတင်ခန့်မှန်းပြောဆိုသည်။

    "အဲဒီအမြင့်ပေက ပေးပို့တဲ့အအေးဓါတ်ဟာ Air-Condition ရဲ့ Indoor Unit က အခန်းအမြင့်ပိုင်း တစ်နေရာမှာတပ်ဆင်ထားတဲ့အခါ အအေးဓါတ်တွေက အောက်ကို တဖြည်းဖြည်းကျရင်းနဲ့ တစ်ခန်းလုံး အေးလာတဲ့ ဖြစ်စဉ်သဏ္ဍာန်နဲ့ တူပါတယ်"ဟု ရှင်းလင်း ပြောဆိုသည်။

    ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ မွန်နှင့် တနသာၤရီတို့တွင်  ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် ဝ.၁ ဒီဂရီစင်ဒီဂရိတ်ခန့် လျော့ကျနိုင်ပြီး ကျန်ပြည်နယ်နှင့်တိုင်းအားလုံးတွင် နှစ်စဉ်အပူချိန်အောက် ဝ.၂ မှ ၁ ဒီဂရီစင်ဒီဂရိတ်အထိ လျော့ကျနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

    ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အမြင့်ဆုံးအပူချိန်အနေဖြင့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ၃၁ မှ ၃၅ ဒီဂရီစင်ဒီဂရိတ် မတ်နှင့် ဧပြီလအတွင်း ၃၆ မှ ၃၉ ဒီဂရီစင်ဒီဂရိတ်အထိသာ ရှိနိုင်သည်။

    ခရီးသွားဝင်ရောက်မှုများပြီး ဧည့်သည်အများစု နားခိုနေထိုင်သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးရင်ပြင်ပေါ်တွင် ယနေ့ဇန်နဝါရီ ၁၂ ရက်နေ့မှ  ၁၅ ရက်နေ့အတွင်း အနိမ့်ဆုံးအပူချိန် ၁၄ မှ ဒီဂရီစင်ဒီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်ဒီဂရိတ်အတွင်းသာရှိမည်ဖြစ်သဖြင့် ဘုရားဖူးပြည်သူများ ကျန်းမာရေးအသိရှိရန်လည်း သတိပေးထားသည်။

    ယခုရက်ပိုင်းတွင် အပူချိန်များကျဆင်းနေသဖြင့် ရေကန်များအတွင်း အေက်ဆီဂျင်ပြတ်လတ်သော လက္ခဏာများ ကြုံတွေ့နိုင်သဖြည့် ငါးမွေးမြူလုပ်ငန်းများ အထူးသတိပြုနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks