Homeသတင်းလွတ်လပ်ရေးနေ့အထိမ်းအမှတ် အကျဉ်းသား၊အကျဉ်းသူ ၆၀၀၀ ကျော်ကို စစ်ကော်မရှင်လွတ်ငြိမ်းခွင့်ပြုပြီး အချို့ကို ပြစ်ဒဏ်လျော့ပေါ့ခွင့်ပြု

လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကျဉ်းသား၊အကျဉ်းသူ ၆၀၀၀ ကျော်ကို စစ်ကော်မရှင်လွတ်ငြိမ်းခွင့်ပြုပြီး အချို့ကို ပြစ်ဒဏ်လျော့ပေါ့ခွင့်ပြု

-

ယနေ့ကျရောက်သည့် (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းသား၊အကျဉ်းသူ ၆၁၃၄ ဦးကို စစ်ကော်မရှင်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး ပြစ်မှု ၁၃ မှု မှလွဲ၍ တည်ဆဲဥပဒေနှင့် ပြစ်ဒဏ်ကျခံနေရသူများ၏ ပြစ်ဒဏ် ၆ ပုံ ၁ ပုံကိုလည်း လျော့ပေါ့ခွင့်ပြုလိုက်ကြောင်း သိရသည်။

ပုံ- popular News/ဖြိုးရသ

စစ်အုပ်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ် ၁/၂/၃ -၂၀၂၆ ခုနှစ် ၁၃၈၇ ခုနှစ် ပြာသိုလပြည့်ကျော် ၂ ရက်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ကြေညာချက်များအရ သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ကြေညာချက်များတွင် အကျဉ်းသား၊အကျဉ်းသူ ၆၁၃၄ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်းပါရှိပြီး ၂၀၂၆ ခုနှစ် ၄ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများစသည့် ပြစ်မှု ၁၃ မှုမှလွဲ၍ တည်ဆဲဥပဒေနှင့် ပြစ်ဒဏ်ကျခံနေရသူများ၏ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ ကိုလျှော့ပေါ့ခွင့်ပြုလိုက်ကြောင်းလည်း ကြေညာသည်။

၎င်းအပြင် ယနေ့လွတ်ငြိမ်းခွင့်ကြေညာချက်အတွင်း နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၂ ဦးလည်း ပါဝင်ပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းလည်း ဆိုသည်။

အကျဉ်းသား၊ အကျဉ်းသူများသည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts