Homeသတင်းမွန်ပြည်နယ်တွင် PSMS စစ်ဆေးမှုနည်းပညာကို ပိုမိုတင်းကြပ်ထား

မွန်ပြည်နယ်တွင် PSMS စစ်ဆေးမှုနည်းပညာကို ပိုမိုတင်းကြပ်ထား

-

စစ်ကော်မရှင်သည် PSMS(Person Scrutinization and Monitoring system) ဟုခေါ်သည့် လူပုဂ္ဂိုလ်စီစစ်စောင့်ကြည့်စနစ် နည်းပညာကို တင်းတင်းကြပ်ကြပ်အသုံးပြုပြီး ခရီးသွားလာသူများကို ဖမ်းဆီးငွေညှစ်ခြင်းများ ပိုမိုလုပ်ဆောင်နေကြောင်းသိရသည်။

ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြု၍ မွန်ပြည်နယ် မြို့အဝင်အထွက်ဂိတ်များ၊ စစ်ဆေးရေးဂိတ်များ၊ လမ်းဆုံများ၊ တံတားနှင့် ကားဂိတ် စသည့်နရာများတွင် PSMS စစ်ဆေးရေးစနစ်ကို တိုးချဲ့တပ်ဆင်အသုံးပြုလာခြင်း ဖြစ်သည်။

စမတ်ကဒ်ပါအချက်အလက်(သို့) မှတ်ပုံတင်နံပါတ်ဖြင့် အလွယ်တကူစစ်ဆေးမှုလုပ်ဆောင်နိုင်သည့် အဆိုပါစနစ်ကြောင့် သွားလာရေးအခက်အခဲ ကြုံတွေ့နေရပြီး စစ်ကော်မရှင်စစ်ဆေးဂိတ်နေရာများကို ရှောင်ဖယ်သွားလာနေရကြောင်း PSMS စနစ်ဖြင့် စစ်ဆေးခံရဖူးသူ မော်လမြိုင်မြို့ပေါ်မှ လူငယ်တစ်ဦးက ဆိုသည်။

“ခုက ဖြစ်နိုင်ရင် အပြင်မထွက်ချင်ဘူး၊ ကိစ္စရှိလို့ မဖြစ်မနေရထွက်ရတာ။ ပြီးခဲ့တဲ့အပတ်ကပဲ ကျနော်မော်လမြိုင်ကနေ တစ်ချက်ထွက်တယ်။ အဲဒီမြို့အထွက်မှာပဲ စစ်တပ်က ကျွန်တော်မှတ်ပုံတင်နံပါတ်ကို ယူပြီး သူတို့ဖုန်းနဲ့စစ်တယ်။ ကံကောင်းလို့ ဘာမှမဖြစ်တာ” ဟု ဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နေ့မှစ၍ PSMS စနစ်ကို ထပ်မံအဆင့်မြှင့်တင်ထားပြီး အမည်ပျက်စာရင်းသွင်းထားသူများ၏ အရေအတွက်ကို ထပ်တိုးရန်ညွှန်ကြားချက် ထုတ်ထားသည့် စာတစ်စောင်လည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျှက်ရှိသည်။

၎င်းအပြင် ရွေးကောက်ပွဲအကြိုနှင့် ကျင်းပနေသည့်ကာအတွင်း လုံခြုံရေးကို တိုးမြှင့်ပြီး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း စစ်ကော်မရှင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောမှ ပြောကြားခဲ့သေးသည်။

ထို့ကြောင့် ခရီးသွားလာသူများ ဧည့်စာရင်းဖြင့်နေထိုင်သူများ သတိကြီးကြီးဖြင့် သွားလာအသွားအလာသတိရှိရန်လည်း တော်လှန်ရေးအင်အားစုများ တိုက်တွန်းလျှက်ရှိသည်။

ခရီးသွားလာသူများကို အဓိကထားစစ်ဆေးလာသည့်အပြင် ဟိုတယ်များ၊ တည်ခိုခန်းများမှ ဧည့်စာရင်းများဖြင့်နေထိုင်နေသူများကိုလည်း စောင့်ကြည့်စစ်ဆေးပြီး၊ မသင်္ကာသူများကို လိုက်ဖမ်းခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

 မော်လမြိုင်-ရေးခရီးသွားပို့ဆောင်နေသူတစ်ဦးက “ခုက သွားလာတာ မှတ်ပုံတင်တစ်ခုရှိရုံနဲ့ မပြီးတော့ဘူး။ စမတ်ကဒ်တွေတောင်းတယ်၊ ပြီးရင် ထောက်ခံစာတွေပါ ယူခိုင်းတယ်။ ပြီးခဲ့တဲ့လကပဲ မော်လမြိုင်အဝင်မှာ ကျနော့်နဲ့လိုက်လာတဲ့ ဆရာမတစ်ယောက်ရဲ့ဖုန်းကို စစ်တယ်။ အဲဖုန်းမှာ တစ်ခုခုတွေ့တယ်ဆိုပြီး ဖမ်းမလို့လုပ်တာ။ ဆရာမက ပိုက်ဆံနည်းနည်းပေးလိုက်တယ် လွတ်သွားတယ် ” ဟု  ဆိုသည်။

PSMS ဆော့ဝဲသည် စစ်မရှင်အတွက် ဟွာဝေး (Huawei)မှ ထောက်ပံ့ထားသောနည်းပညာတစ်ခုဖြစ်ပြီး ညဏ်ရည်တုနည်းပညာ (AI)၊ သွင်ပြင်မှတ်သားခြင်း (Facial Recognition) နည်းပညာ၊ ဗဟိုချုပ်ကိုင်မှုစီစီတီဗီ (CCTV)စောင့်ကြည့်ရေးနည်းပညာနှင့် နိုင်ငံသားတစ်ဦးချင်း၏ စမတ်ကဒ်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်နှင့် လှုမှုကွန်းယက်အပေါ် လှုပ်ရှားမှုမှတ်တမ်းများအထိ ခြေရာခံနိုင်သည်ဟု နည်းပညာအဖွဲ့များက ရှင်းပြပြောဆိုသည်။

စစ်ကော်မရှင်က အဆိုပါစနစ်ကို လုံခြုံရေးအတွက် အသုံးပြုသည်ဟု ဆိုသော်လည်း ယင်းကို နိုင်ငံရေးလှုပ်ရှားသူများ၊ CDM များနှင့် စစ်ပြေးရဲပြေးများကို ဖမ်းဆီးနိုင်ရေးအတွက် အသုံးချနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts