Homeသတင်းစစ်ကော်မရှင် ရွေးကောက်ပွဲ ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ နီးပါးရှိ

စစ်ကော်မရှင် ရွေးကောက်ပွဲ ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ နီးပါးရှိ

-

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း တင်သွင်းမှုအနေဖြင့် ၅၀၀၀ နီးပါးရှိသည်ဟု စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စက်တင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို စက်တင်ဘာ ၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၁၅ ရက်အတွင်း တင်သွင်းရမည်ဟု စစ်ကော်မရှင်က သတ်မှတ်ထားသည်။

ပုံစာ-စစ်ကော်မရှင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကိုတွေ့ရစဉ်။ (ဓာတ်ပုံ-USDP)

ထို့နောက် နိုင်ငံတဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ၆ ပါတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တခုအတွင်း စည်းရုံးမည့်နိုင်ငံရေးပါတီ ၅၁ ပါတီနှင့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှု ၄၉၆၃ ဦးထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ၁၀၁၈ ဦးဖြင့် အများဆုံးဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၆၉၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၆၇၂ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေးပါတီမှ ၄၂၈ ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ ၅၈၄ ဦး၊ ပြည်သူ့ပါတီမှ ၅၁၂ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်တခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီ မှ ၉၆၀ ဦးနှင့် တသီးပုဂ္ဂလ မှ ၉၅ ဦး ရှိကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုများကို စစ်ကော်မရှင်၏ UEC က သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးမှ အောက်တိုဘာ ၄ ရက်နေ့အထိ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။

စစ်ကော်မရှင်က ပထမပိုင်း ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts