Homeသတင်းဘန်ကောက်မြို့ ဗာဂျီရဆေးရုံရှေ့တွင် လမ်းပြိုကျမှုကြောင့် လူနာများနှင့် ဆေးရုံဝန်ထမ်းများ အရေးပေါ်ပြောင်းရွှေ့နေရ

ဘန်ကောက်မြို့ ဗာဂျီရဆေးရုံရှေ့တွင် လမ်းပြိုကျမှုကြောင့် လူနာများနှင့် ဆေးရုံဝန်ထမ်းများ အရေးပေါ်ပြောင်းရွှေ့နေရ

-

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမ်းဆန်း(Samsen)လမ်းမပေါ်ရှိ ဗာဂျီရဆေးရုံ (Vajira Hospitasl) ရှေ့တွင် ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်း ၇ နာရီခန့်က ကြီးမားသောလမ်းပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါပြိုကျမှုကြောင့် ဆေးရုံရှိလူနာများ၊ ဆေးရုံဝန်ထမ်းများနှင့် အနီးအနားရှိ ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း သိရသည်။

လမ်းပြိုကျမှုကြောင့် အနက် ၅၀ မီတာနှင့် အကျယ် ၂၀ မီတာ ရှိသော အပေါက်ကြီးတစ်ခုဖြစ်ပေါ်နေပြီး၊ ထိုအပေါက်သည် စမ်းဆန်းလမ်းရှိရဲစခန်းရှေ့အထိ အက်ကွဲမှုများ ကျယ်လာနေသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် ခရိုင်အာဏာပိုင်များမှ ဗာဂျီရဆေးရုံမှ စမ်းဟိုင်း(Sang Hi)လမ်းဆုံအထိ ယာဉ်အသွားအလာ ကန့်သတ်ထားပြီး စမ်းဆန်း မီးသတ်နှင့် ကယ်ဆယ်ရေးများက လူနာများ၊ ဆေးရုံဝန်ထမ်းများနှင့် အနီးအနားဒေသခံများကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းမှုများ ဆောင်ရွက်နေကြသည်။

တစ်ဖက်တွင်လည်း ယာဉ်ကြောအဝင်လမ်းများ၌ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး၊ သက်ဆိုင်ရာဌာနများမှ အရေးပေါ် ပြုပြင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များ၏ ကနဦးစစ်ဆေးချက်အရ ရေပိုက်လိုင်းတစ်ခု ပေါက်ကွဲခြင်းကြောင့် မြေသားကျွံကျမှု ဖြစ်ပွားခဲ့သည်ဟုလည်း ဆိုသည်။

လမ်းပြိုကျမှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ မရှိသေးသော်လည်း အာဏာပိုင်များက ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts