Homeသတင်းညောင်လေးပင်ခရိုင် ဆောတိမြို့နယ်အတွင်းက ကျေးရွာ ၄၀ နီးပါး ရေကြီးနစ်မြုပ်နေ

ညောင်လေးပင်ခရိုင် ဆောတိမြို့နယ်အတွင်းက ကျေးရွာ ၄၀ နီးပါး ရေကြီးနစ်မြုပ်နေ

-

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောတိမြို့နယ်အတွင်းက ကျေးရွာပေါင်း ၄၀ နီးပါး ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် စစ်တောင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် မြစ်အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းရှိ ကျေးရွားများ ရေကြီးနစ်မြုပ်ခဲ့သည်။

ဆောတိမြို့နယ် အမှတ်(၃)ဒေသရှိ ညောင်သာယာကျေးရွာ၊ ဖားဘောင်ကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာ၊ ကျွန်းချောင်းကျေးရွာတို့မှ အိမ်ခြေ ၅၀၀ ကျော် ရေကြီးနစ်မြုပ်နေသည့်အပြင် စပါးစိုက်ဧက ၁၆၀၀ ကျော်လည်း ရေနစ်မြုပ်နေသည်။

၎င်းပြင် အမှတ်(၁)ဒေသရှိ အင်းဗလာ၊ ချောင်းကျိုး၊ ပုဇွန်အိုင်၊ သံဆိပ်၊ ဝိုင်ကျွန်း၊ ပျဉ်ရေ၊ သိုက်တူးကုန်း အစရှိသည့် ကျေးရွာပေါင်း ၃၄ ရွာလည်း ရေကြီးနစ်မြုပ်နေသည်။

ရေကြီးနစ်မြုပ်မှုကြောင့် စာသင်ကျောင်းများလည်း ယာယီပိတ်ထားရသည်ဟု ဆိုသည်။

ဆောတိမြို့နယ်အတွင်းရှိ ကျေးရွာများ နေကြီးနစ်မြုပ်နေသည့်အပြင် လေပြင်းတိုက်ခတ်မှုကြောင့်လည်း နေအိမ် ၁၁ လုံး ပျက်စီးခဲ့ရသည်။

ပုံစာ – ဆောထိမြို့နယ်အတွင်းက ကျေးရွာများ ရေကြီးနစ်မြုပ်နေသည်ကို တွေ့ရစဉ်

ပုံခရက်တစ် – ကေအဲန်ယူ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts