spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းနိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာတွင် ပွဲစားအကူအညီဖြင့် လာရောက်လျှောက်ထားသူများကိုသာ ဦးစားပေးလုပ်ဆောင်နေ

    နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာတွင် ပွဲစားအကူအညီဖြင့် လာရောက်လျှောက်ထားသူများကိုသာ ဦးစားပေးလုပ်ဆောင်နေ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးရေးရုံးမှ ပတ်စပို့လုပ်ငန်းဆောင်ရွက်ရာတွင် ပွဲစားများ၏အကူအညီဖြင့် လာရောက်လျှောက်ထားသူများကိုသာ ဦးစားပေးလုပ်ဆောင်ပေးနေသည်ဟု နိုင်ငံကူးလက်မှတ်လုပ်ဆောင်နေသူများ၏ ပြောပြချက်အရ သိရသည်။

    နိုင်ငံကူးလက်မှတ်စာအုပ်လုပ်ဆောင်ရာတွင် ကြားခံပွဲစားများ၏ အဆမတန်ငွေကြေးတောင်းခံနေခြင်းမှ လျှော့ချနိုင်ရန်နှင့် သတ်မှတ်ထားသည့်အချိန်အတွင်း စာအုပ်အချိန်မီထုတ်ယူနိုင်ရန် Online Booking စနစ်သစ်ကို ပြီးခဲ့သည့် ၂၀၂၄ မတ်လတွင် စတင်အသုံးပြုခဲ့သည်။

    ထိုသို့ပြောင်းလဲသတ်မှတ်ထားသော်လည်း ကြားခံပွဲစားများမှတစ်ဆင့် Online Booking တင်ခြင်း၊ ပတ်စပို့ဌာနရုံးတွင် စာရွက်စာတမ်းများတင်ပေးသည့် လုပ်ငန်းများကို ပွဲစားများက ယနေ့အထိလုပ်ဆောင်ခွင့်ရနေဆဲဖြစ်သည်။

    ပွဲစားများ၏ အကူအညီဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများသည် ချမှတ်ထားသည့်စည်းကမ်းအတိုင်း တန်းစီစောင့်ဆိုင်းရန်မလိုသည့်အပြင် အထူးတလည် စစ်ဆေးခံရခြင်းလည်းမရှိကြောင်း လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

    ဓာတ်ပုံ- နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသည့် Group 

    “ကိုယ့်မှာလည်းအဆက်သွယ်မရှိဘူး။ ကိုယ်ကိုယ်တိုင်ပဲသွားလုပ်မယ်ဆိုရင် နံပါတ်အစဉ်အတိုင်းတန်းစီနေမယ်ဆိုရင်တော့ တစ်နေ့နဲ့မပြီးဘူး။ ကျန်ခဲ့မယ်။ ပွဲစားနဲ့လာသူတွေဆိုရင် အရင်ရအောင်ဆောင်ရွက်ပေးတယ်။ အရင်ရအောင်စာရွက်စာတမ်းတွေထပ်ပေးတယ်။ အဓိကပွဲစားနဲ့လာတဲ့တွေက ဘယ်လောက်ဘဲသူများထက်နောက်ကျရင်လာပါစေ အရင်ရတယ်ဆိုတဲ့သဘောပေါ့။” ဟုဆိုသည်။

    ထို့အပြင် သတ်မှတ်ထားသည့်လူဦးရေပြည့်မီပါက နောက်တစ်ရက်တွင်လည်း ပြန်လည်တန်းစီစောင့်ဆိုင်းရကြောင်း ဆက်လက်ပြောထားသည်။

     ကြားခံပွဲစား၊ အေးဂျင့်အကူညီနှင့်လျှောက်ထားသူများအနေဖြင့် အချက်လက်တစ်စုံတစ်ရာမှားယွင်းပါက ကိုယ်တိုင် Online Booking တင်ထားသူသကဲ့သို့ အမှားပြင်ဆင်ချိန် ၃လအထိ စောင့်ဆိုင်းရန်မလိုပဲ ဒဏ်ငွေပေး၍ ချက်ချင်းပြန်လည်ပြင်ဆင်လုပ်ဆောင်ပေးကြောင်း ပွဲစားတစ်ဦးကဆိုသည်။

    “အကယ်လို့ ပြဿနာတစ်ခုခုဖြစ်ရင် သူတို့မေးလာမယ် ပွဲစားနဲ့လာတာလား ကိုယ်တိုင်လုပ်တာလား။ အကယ်လို့ပွဲစားနဲ့လာရင် ရုံးကလူတွေကိုယ်တိုင် ပွဲစားနဲ့ဖုန်းဆက်ပြီးတော့ ပြဿနာကို ငွေနဲ့ဖြေရှင်းယူတယ်။ အိမ်ထောင်စုစာရင်းမှားတာကအစပေါ့အကုန်လုံး။ အဲ့လိုကွာတယ်။ ပွဲစားတွေက ဘယ်လိုလုပ်ရင် အဆင်ပြေသွားမလဲဆိုတာကို သိနေတယ်လေ။ ” ဟုဆိုသည်။

    နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးသည့် ရုံးဝန်းထမ်းအချို့သည်  ကြားခံပွဲစား၊အေဂျင့်များဖြစ်နေကြပြီး လက်ရှိပြည်သူများ ကြုံနေရသည့် တန်းတူညီမျှမှုမရှိသည့်ကိစ္စများ ဆက်ရှိနေမည်ဖြစ်သဖြင့် သက်ဆိုင်ရာက ဖြေရှင်းပေးရန်လိုအပ်လာကြောင်း လူငယ်အမျိုးသမီးတစ်ဦးက တိုက်တွန်းထားသည်။

    လက်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ အသုံးပြုနေသည့် Online Booking စနစ်အပါအဝင် နိုင်ငံကူးလက်မှတ်စာအုပ်ကိုယ်တိုင် လုပ်ဆောင်သူများသည် တစ်သိန်းဝန်းကျင်သာကုန်ကျသော်လည်း ကြားခံပွဲစားနှင့်လုပ်ဆောင်ထားသူများသည် အနည်းဆုံး ၁ သိန်းမှ ၃ သိန်းကြားတွင် ကုန်ကျခံနေရသည်။

    မော်လမြိုင် နိုင်ငံကူးလက်မှတ်ထုတ်ပြုလုပ်ပေးနေသည့်ရုံးတွင် "ပွဲစားများမဝင်ရ"ဆိုသည့် စာတန်းကို ရုံးအဝင်ဝတွင် ချိတ်ဆွဲထားသော်လည်း ပွဲစားများရုံးအတွင်း ပြည့်နှက်လျှက်ရှိကြောင်းလည်း ရုံးနှင့်နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts