spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းလှိုင်းဘွဲမြို့ရှိ စစ်ကောင်စီတပ်အနီးတွင် အမျိုးသားတစ်ဦးမြေမြှုပ်မိုင်းနင်းမိ

    လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီတပ်အနီးတွင် အမျိုးသားတစ်ဦးမြေမြှုပ်မိုင်းနင်းမိ

    -

    ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွာသစ်ပိုင်းနေ အသက် (၄၂) အရွယ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြို့ခံလူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

    ယမန်နေ့ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က လှိုင်းဘွဲ့မြို့၊ ကွမ်ဘီလမ်း (A1တာယာဆိုင်အရှေ့)ရှိ  စစ်ကောင်စီတပ်အနီးတွင် နင်းမိခဲ့ခြင်းဖြစ်သည်။

     အဆိုပါစစ်ကောင်စီတပ်ဧရိယာတစ်ဝိုက်တွင် မြေမြှုပ်မိုင်းအန္တရာယ်ရှိကြောင်း သတိပေးစာကပ်ထားသော်လည်း ထင်သာမြင်သာမရှိသဖြင့် နင်းမိမှုဖြစ်နိုင်ကြောင်း လှိုင်းဘွဲ့မြို့ခံ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

    “ ခါတိုင်းလည်းကလေးတွေ၊ နွားတွေသွားနေကျပဲဆိုတော့ သတိမထားမိတာလည်းဖြစ်မယ်၊ သူကအပေါ့သွားဖို့ပဲလမ်းဘေးမှာသူနင်းမိသွားတာ၊ ခြေဖျားလေး ပြတ်သွားတယ်၊ အဲ့အနီးနားဆို လူအသွားအလားနည်းပါတယ် ” ဟု ဆိုသည်။

    လက်ရှိ လှိုင်းဘွဲ့မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသော်လည်း မြေမြှုပ်မိုင်းနင်းမိသည့် နေရာသည် ရေနစ်မြုပ်မှု မဖြစ်နေဟုလည်း သိရသည်။

    မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသားကို မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ဒဏ်ရာပြုစုကုသမှုများလုပ်ဆောင်ပေးပြီး ဘားအံဆေးရုံတွင် ဆေးကုသမှုခံယူရန် ပို့ဆောင်ထားသည်။

    ယခု ဇူလိုင်နောက်ဆုံးအပတ်တွင် လှိုင်းဘွဲ့မြို့အတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေသဖြင့် ဒေသခံများ မြေမြှုပ်မိုင်းနှင့် အန္တရာယ်ရှိ စစ်လက်နက်ပစ္စည်းများရှိနိုင်သည့် စစ်ကောင်စီ တပ်စခန်းအနီးအနားတစ်ဝိုက်တွင် အသွားအလာသတိထားကြရန်လည်း ကယ်ဆယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

    မိုးရာသီတွင် မိုးရွာသွန်းမှုများပြီး မြေပြင်ပြောင်းလဲမှုများကြောင့် မြေမြှုပ်မိုင်းများနှင့် အခြားသော ပေါက်ကွဲတတ်သည့် စစ်လက်နက်ကြွင်းကျန်ပစ္စည်းများသည် မူလတည်နေရာမှ ရွှေ့ပြောင်းနိုင်ခြေရှိကြောင်း၊ စစ်ကောင်စီတပ်စခန်းနှင့် ဝေးသောနေရာများတွင်လည်းကောင်း၊ နေအိမ်နား၊ ခြံဝင်းများအထိ အန္တရာယ်ရောက်ရှိသွားနိုင်သည်ဟု မြေမြှုပ်မိုင်းအရေး လှုပ်ရှားသူများက အသိပေးပြောဆိုထားသည်။

    မြန်မာနိုင်ငံအတွင်း (၂၀၂၅) ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ (၃) လအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်များကြောင့် ထိခိုက်သေဆုံးသူ (၂၂၇) ဦးရှိခဲ့ကြောင်းနှင့် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်ကျန်လက်နက်ပစ္စည်းများ အရပ်သား (၄၃) ဦးသေဆုံးကာ (၁၈၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူနီဆက်မြန်မာက သတင်းထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks