Homeသတင်းပေါင်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၁၀၀ နီးပါး ပျက်စီး

ပေါင်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၁၀၀ နီးပါး ပျက်စီး

-

မွန်ပြည်နယ်၊ ပေါင်မြို့ပေါ်တွင် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇နာရီ ၄၅မိနစ် အချိန်ခန့်က  လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့ ပေါင်းရပ်ကွက်၊ ဝင်းခလုံးရပ်ကွက်၊ ထားဝယ်စုနှင့် မိုးနိုင်းကရင်စု ရပ်ကွက်တွင် နေအိမ်အလုံး ၁၀၀ နီးပါး ထိခိုက်ပျက်စီးမှုရှိသည့်အပြင် သစ်ပင်လဲတာ၊ ဓာတ်တိုင်လဲတာတွေလည်း ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းပြင် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ပေါင်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

လေပြင်းတိုက်ခတ်ပြီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် သစ်ပင်များ လဲကျနေသည့်အတွက် ကားလမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားနေသည်ဟု ဒေသခံတို့က ပြောသည်။

ပေါင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေသည့်အပြင် ယနေ့ နံနက်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုပါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပေါင်မြို့အပြင် သထုံဘက်လည်း လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထိခိုက်မှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်သည်။

မွန်ပြည်နယ်အတွင်း လေပြင်းတိုက်ခိုက်ခံရမှုအခြေအနေ အသေးစိတ်ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ သတင်း ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts