Homeသတင်းရေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့်အပင်ပျက်စီး

ရေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့်အပင်ပျက်စီး

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအုပ်စု ကားဆိပ်ရွာတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး အမိုးလန်ကာ အပင်ကျိုးကျပျက်စီးခဲ့ရကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။။

ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့  မွန်းလွဲ ၂ နာရီခွဲဝန်းကျင်အချိန်တွင် ရေးမြို့နယ် ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည်။

၎င်းအပြင် ရေးမြို့နယ်ရှိ အဘော်ကျေးရွာတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် အပင်နှင့် ဓာတ်မီးတိုင်များ ကျိုးကျခဲ့ရပြီး လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်နေသည်ဟု သိရသည်။

“မနေ့က ဓာတ်တိုင်ကျိုးလို့ မီးပြတ်သွားတာ။ ရွာတွေမှာတော့ ညသန်းခေါင်ယံမှာ ပြန်လာတယ်။ ရေးမြို့ပေါ်မှာတော့ မလာသေးဘူး။ လိုင်းမတူလို့ဖြစ်မယ်။”ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းကာ လေပြင်းမုန်တိုင်းတိုက်ခတ်နေသဖြင့် မြစ်ရေဆက်လက်မြင့်တက်လာနေသည်ဟု ဒေသခံတို့ပြောကြားချက်အရ သိရသည်။

မွန်ပြည်နယ်အတွင်း ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ မိုးကြီးနိုင်ပြီးလေပြင်းမုန်တိုင်းတိုက်ခတ်နိုင်ခြင်းကြောင့် ပြည်သူများခရီးသွားလာရာတွင် သတိထားသင့်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှူးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts