spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းအုပ်ချုပ်ရေးမှုးနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ တရားစီရင်ရေးမလုပ်ဆောင်ပေးသဖြင့် ဒုစရိုက်အမှုများအတွက် အရေးမယူနိုင်

    အုပ်ချုပ်ရေးမှုးနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ တရားစီရင်ရေးမလုပ်ဆောင်ပေးသဖြင့် ဒုစရိုက်အမှုများအတွက် အရေးမယူနိုင်

    -

    မွန်နှင့်ကရင် တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားနိုင်သည့် ဂျိုင်းမြစ်ဒေသရှိ ကျေးရွာတို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် တော်လှန်ရေးပူပေါင်းအဖွဲ့တို့မှ တရားစီရင်ရေးမလုပ်ဆောင်ပေးသဖြင့် ဒုစရိုက်အမှုများအတွက် အရေးမယူနိုင်ဖြစ်နေကြောင်း သိရသည်။

    အဆိုပါဒေသတို့တွင် ဒေသခံများသည် မိမိတို့၏နေ့စဉ်လူမှုဘဝလုံခြုံမှုကို ကိုယ်တိုင်စောင့်ထိန်းနေရသည့် အခြေအနေတွင်ဖြစ်နေပြီး အုပ်ချုပ်ရေးကင်းမဲ့ပြီး တရားဥပဒေစိုးမိုးမှု မရှိသည့်နေရာဟု သတ်မှတ်နိုင်ကြောင်း ဒေသခံတို့က ပြောဆိုလျှက်ရှိသည်။

    ထို့ကြောင့် ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး၊ တန်ဖိုးကြီးပစ္စည်းတို့အပြင် တန်ဖိုးနည်း  နေအိမ်အသုံးအဆောင်ပစ္စည်းတို့ လူမြင်ကွင်းတွင်ပင် အခိုးခံနေရသည်ဟု ကော့ဘိန်းမှ တန်ဖိုးကြီးပစ္စည်း ပျောက်ဆုံးခဲ့သည့် ကာယကံရှင်တစ်ဦးက ဆိုသည်။

    “ ကျနော်တို့ ဈေးထဲက ဆိုင်မှာ ၂၉ သိန်းကျော် ခိုးတာခံလိုက်ရတယ်။ ကော့ဘိန်းတိုက်နယ်ဈေးမှာပဲ။ ကျနော်တို့ ဒေါ်လေးက ဈေးစောင့်ရင်း ပစ္စည်းတွေကို တွက်ရင်းနဲ့ ကျောခဏခိုင်းထားတော့ သူခိုးက လွယ်အိတ်ကိုပါ ရသွားတယ်။ ဈေးစောင့်နေတုန်း မျက်စိရှေ့မှာပဲဖြစ်သွားတယ်” ဟု သူက ဆိုသည်။

    ဂျိုင်းမြစ်ဒေသခံတို့ ရင်ဆိုင်နေရသည့် ဒုစရိုက်အမှုတို့ကို သက်ဆိုင်ရာ စစ်ကောင်စီ အုပ်ချုပ်ရေးမှုးနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံ တိုင်ကြားသော်လည်း လုံခြုံရေးအရ အရေးယူသွားမည်ဟုသာ တုန့်ပြန်ပြောဆိုပြီး စနစ်တကျ လိုက်လံဖမ်းဆီးအရေးယူခြင်း မရှိပေ။

    ကော့ဘိန်း၊ ကော့ပလိုင်၊ ကျိုက်ကဗင်၊ ဓမ္မသ၊ ဇာသပြင်၊ တရနာစသည့် ကျေးရွာများတွင် ယခုမိုးရာသီအတွင်း အုပ်စုဖွဲ့ လက်နက်ကိုင်ဆောင်ထားသည့် ဒုစရိုက်သမားများကြောင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်းလည်း ကော့ပလိုင် ဒေသခံက ဆိုသည်။

     “လုယက်မှုတွေ ပိုများလာတယ်ခုတလော။ ကားအပေါ်ထားတဲ့ ပစ္စည်းတွေတောင် မလွတ်ဘူး။ တန်ဖိုးကြီးတဲ့ပစ္စည်းတွေ ခိုးသွားတာတော့ မနည်းဘူး။ ဟိုနေ့က လူရှေ့မှာတင် ဓားရွယ်ပြီး ဈေးထဲက ဆိုင်ကယ်အသစ်တစ်စီးလုသွားတယ်” ဟု ဒေသခံ အမျိုးသားက ဆိုသည်။

    လက်ရှိ ဂျိုင်းမြစ်ဒေသတွင် မွန်တော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များက စစ်ရေးကိစ္စကိုသာပိုမိုဆောင်ရွက်နေကြသဖြင့် တရားစီရင်ရေးမလုပ်ဆောင်နေကြောင်းလည်း သိရသည်။

    ထို့အပြင် အဆိုပါဒေသရှိ စစ်ကောင်စီ အုပ်ချုပ်ရေးမှုးအဖွဲ့တို့သည် ၎င်းတို့မှ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတို့ကို ဆောင်ရွက်ပါက တစ်ဖက်တော်လှန်ရေးတို့နှင့် ခြိမ်းခြောက်ခံရမည်ကို စိုးရိမ်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts