Homeသတင်း7 July အရေးတော်ပုံအတွက် စစ်ကောင်စီ၏ အမတ (၃၁၆) အမြှောက်တပ်ကို (MSRF) မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

7 July အရေးတော်ပုံအတွက် စစ်ကောင်စီ၏ အမတ (၃၁၆) အမြှောက်တပ်ကို (MSRF) မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

-

ရေးမြို့နယ်၊ ရေး – ထားဝယ်လမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏  စကခ(၁၉) လက်အောက်ခံဖြစ်သည့် ကလော့ကျေးရွာအနီးရှိ အမတ(၃၁၆) အမြောက်တပ်ကို ယမန်နေ့ ဇူလိုင် (၇)ရက်နေ့တွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ဆင်ရေးသည် (၆၃) နှစ်မြောက် 7 July အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် သွေးကြွေးဆပ်ရန် ရည်ရွယ်၍ ယမန့်နေ့ ဇူလှိုင် ၇ရက်နေ့ နေလည် ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် ဒေါနတပ်ရင်းတို့မှ ပူပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MSRF ပြောရေးဆိုခွင့်ရှိသူ မိတလညာဏ်က ပြောသည်။

“ ဒရုန်းစစ်ဆေးရေးရဲ့ အဓိကရည်မှန်းချက် ၁၉၆၂ 7 July အရေးတော်ပုံကို ဦးတည်ရခြင်းဖြစ်တယ်။ ဒီအတွက်ကြောင့်ကို ကျမတို့ရဲ့ စစ်ဆေရေးမစ်ရှင်ကတော့ သွေးကြွေးဆပ်ဖို့အတွက်နဲ့ ချီတက်ခဲ့ခြင်းဖြစ်ပါတယ်”  ဟု ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုများကို အသေးစိတ် မသိရကြောင်းလည်း ဆိုသည်။

ယခုစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့်အတူ စစ်ရေးမဟာမိတ်ဖြစ်‌သည့် ဒေါနတပ်ရင်းမှ ပူးပေါင်းပါဝင်ခဲ့ပြီး တော်လှန်ရေးမဟာမိတ်ပူး‌ပေါင်းတပ်များမှ တစုံတရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

အမတ(၃၁၆) ဒရုန်းဖြင့် တိုက်ခိုက်ခံပြီးနောက် ယမန့်နေ့ညနေပိုင်းတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ညပိုင်းမှာပဲ လက်နက်ကြီးပစ်တာကြားရတယ် ညဘက်အိပ်ချိန်ဆိုတော့ ဘယ်ဘက်ပစ်ပြီး ဘယ်မှာကျလဲတော့မသိဘူး”ဟု ရေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်က ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကျောင်းသားများကို ဖိနှိပ်ကာ အဆောင်စည်းကမ်းတင်းကြပ်မှုမှ စတင်၍ ကျောင်းသားသမဂ္ဂဦးဆောင်သည့် တက္ကသိုလ်ကျောင်းသားများက ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။

ဇူလိုင် ၇ ရက်နေ့တွင် စစ်အစိုးရက ရန်ကုန်တက္ကသိုလ်၌ ကျောင်းသားများ ထောင်နှင့်ချီတက်ရောက်သည့် ကျောင်းသားဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၈ ရက်နေ့ မနက် ၄ နာရီတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ထို့ကြောင့် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင်ကျဆုံးခဲ့သည့် ကျောင်းသားလူငယ်များ၏ အာဇာနည်စိတ်ကို လေးစားဂုဏ်ပြုသည့် 7 July အထိမ်းအမှတ်လှုပ်ရှားမှုများကို တော်လှန်ရေးအင်အားစုများက ယမန်နေ့က ပုံစံမျိုးစုံ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts