spot_img
Wednesday, December 10, 2025
More
    spot_img
    Homeသတင်းဂျိုင်းမြစ်ဒေသတစ်လျှောက်တွင် စစ်တပ်တို့ နေ့စဉ်အင်အားဖြည့်တင်းနေ

    ဂျိုင်းမြစ်ဒေသတစ်လျှောက်တွင် စစ်တပ်တို့ နေ့စဉ်အင်အားဖြည့်တင်းနေ

    -

    မွန်-ကရင်အစပ် ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ ကော့ဘိန်း၊ ဓမ္မသ၊ တရနာစသည့်ကျေးရွာတို့တွင် စစ်ကောင်စီတပ်တို့ အင်အားထပ်မံဖြည့်တင်းထားသည်ဟု ဒေသခံတို့ပြောကြားချက်အရ သိရသည်။

    စစ်ကောင်စီတပ်တို့သည် ကော့ဘိန်း၊ ဓမ္မသ၊ တရနာကျေးရွာတို့တွင် ပုံမှန်ထက်အင်အား ဖြည့်တင်းထားပြီး ခရုံရွာအဝင်လမ်းနှင့် ဇာသပြင်တံတားတို့တွင်လည်း အမြှောက်လက်နက်နှင့်တစ်ကွ အင်အားအများအပြား ဖြန့်ထားသည်ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

    “မနက်က မြို့ကနေဆင်းလာတဲ့အချိန်ဆို အပြန်လမ်းတစ်လျှောက် အများကြီးတွေ့ရတယ်။ ဂိတ်တွေရော လူအင်အားတွေရော ၇ နေရာလောက်ရှိမယ်။ နေ့တိုင်းတိုးလာနေတာပဲ။  ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်လို့ ပြောထားတော့ သူတို့အင်အားတွေ ဒီထက်တိုးချင် တိုးနေအုံးမယ်”ဟု ပြောသည်။

    သို့သော် အင်အားထပ်မံဖြည့်တင်းလာသည့် စစ်ကောင်စီတပ်သားတို့သည် ကျေးရွာအတွင်း အခြေမချနိုင်ဘဲ ရွာအပြင်ဘက်တွင်သာ တပ်စွဲကာ လှည့်လည်သွားလာလေ့ရှိသည်ဟု သူက ဆက်ပြောသည်။

    အဆိုပါဒေသဘက်တွင် အင်အားထပ်မံဖြည့်လာပြီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားတို့သည် ကျိုက်မရောအခြေစိုက် ခမရ ၂၀၈ တပ်ရင်းနှင့် ဇာသပြင်အခြေစိုက် ခလရ ၈၁ တို့ လက်အောက်ခံမှ တပ်သားများဖြစ်ကြောင်း သိရသည်။

    “ကော့ဘိန်းချောင်းဝမှာက အဲ့ဒီတပ်ရင်းကတပ်သားတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေကို ပေါင်းပြီး ပြည်သူ့စစ်လိုသဘောမျိုးထားထားတာ။ ဓမ္မသမှာဆို သူတို့ဗျူဟာမှူးလည်းရှိနေတယ်။ အမြှောက်တွေဆိုလည်း လေးငါးလုံးလောက် ထပ်တပ်ထားတယ်။ မနေ့ကတောင် ပစ်လိုက်သေးတယ်။ တော်လှန်ရေးအဖွဲ့တွေ အသွားအလာလုပ်တယ်လို့ သတင်းရရင် ရမ်းပစ်လိုက်တာပဲ”ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောသည်။

    ၎င်းအပြင် စစ်ကောင်စီတပ်တို့ ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်လည်း တပ်စွဲထားပြီး ၎င်းတို့တပ်စွဲသည့်နေရာ၌ တပ်ဆင်ထားသည့်အမြှောက်လက်နက်ကြီးကို ကျေးရွာဘက်သို့ မျက်နှာမူထားသည်ဟု ၎င်းက ဆက်ပြောသည်။

    စစ်ကောင်စီတပ်တို့သည် အဆိုပါဒေသအတွင်း တပ်စွဲထားချိန်တွင် ဒေသခံတို့ ပစ္စည်းတင်သွင်းရာတွင် ကားအမျိုးအစားအပေါ်မူတည်ကာ အခွန်အခကောက်ခံလေ့ရှိသည်ဟု သိရသည်။

    လက်ရှိ ကော့ကရိတ်မြို့အနီးတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  ပူပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က မြေပြင်နှင့် ဝေဟင်မှပါ တိုက်ခိုက်နေသည်။

    တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့်နယ်မြေဖြစ်သည့် ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိရွာအတွင်းသို့ နယ်မြေရှင်းလင်းနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး စစ်ကောင်စီမှ အင်အား ဖြည့်တင်းလာပြီး ၎င်းတို့တပ်စွဲထားသည့် နေရာများကိုလည်း တော်လှန်ရေးပူးပေါင်း တပ်တို့က မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts