spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အပါ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်ဟု မိုးဇလထုတ်ပြန်

    မွန်ပြည်နယ်အပါ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်ဟု မိုးဇလထုတ်ပြန်

    -

    မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တို့တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညှန်ကြားမှု ဦးစီးဌာက ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်သည်။

    ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း နေပြီး ယနေ့ ညနေအထိ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

    မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာကွက်ကျား မိုးကြီးနိုင်သလို မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ် မိုးကြီးနိုင်သည်ဟု ဆိုထားသည်။

    ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိသည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

    အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပြီး အထူးသတိပြုနေထိုင်ကြရန် မိုးဇလက တိုက်တွန်းနှိုးဆော်ထားသည်။

    မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်ဟုလည်း မိုးဇလက ခန့်မှန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts