Homeသတင်းထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ရာထူးမှ ယာယီရပ်ဆိုင်းခံရ

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ရာထူးမှ ယာယီရပ်ဆိုင်းခံရ

-

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးမှ ယနေ့ ဇူလိုင် ၁ ရက်နေ့၊ နေ့လည်ပိုင်းတွင် ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ်ထရာ (Paetongtarn Shinawatra) ကို ရာထူးမှ ယာယီရပ်ဆိုင်းလိုက်ကြောင်း တရားဝင်အတည်ပြုကြေညာခဲ့သည်။

အဆိုပါကြေညာချက်ကို ဝန်ကြီးချုပ်ပေထုန်တန်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) တို့အကြားက ဖုန်းခေါ်ဆိုမှုအသံဖိုင် ပေါက်ကြားမှုအပေါ် စည်းကမ်းချိုးဖောက်သည့် တိုင်ကြားချက်များဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားလွှတ်တော်ရုံးမှ  စုံစမ်းစစ်ဆေးပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖုန်းအသံဖိုင်အတွင်း၌ ပေထုန်တန်က ထိုင်းတပ်မတော်အပေါ် မသင့်တော်သော အသုံးအနှုန်းများဖြင့် ပြောဆိုထားကြောင်း ဖော်ထုတ်ခံရပြီး၊ ထိုသတင်းပေါက်ကြားမှုကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသများတွင် လုံခြုံရေးအခြေအနေ တင်းမာလာသည်ဟု ထိုင်းအတိုက်အခံအမတ်များက ဆိုထားသည်။

ထိုအကြောင်းအရာအပေါ်အခြေခံ၍ အထက်လွှတ်တော်အမတ် ၃၆ ဦးမှ တရားဝင် တိုင်ကြားမှုတင်သွင်းခဲ့ကြပြီး၊ တရားသူကြီး ၉ ဦးအနက် ၇ ဦးက ရာထူးမှ ရပ်ဆိုင်းခြင်းအတွက် ထောက်ခံမဲပေးခဲ့ကြသည်။

ထို့နောက် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားလွှတ်တော်က ပေထုန်တန်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မှုမှ ယာယီ ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့ပြီး၊  စွဲချက်များအပေါ် ၁၅ ရက်အတွင်း အယူခံဝင်ရန်လည်း အမိန့်ထုတ်ပြထားသည်။

လက်ရှိတွင် ယာယီဝန်ကြီးချုပ်အဖြစ် ဒုတိယဝန်ကြီးချုပ် ဆူရိယ ဂျွန်ရွန်းဂွမ်ကစ် (Suriya Juangroongruangkit) ကို ခန့်အပ်ထားသည့်အပြင် ပေထုန်တန်ရှင်နာဝပ်သည် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစိုးရအပြောင်းအလဲခန့်အပ်မှုကို ထိုင်းဘုရင်မင်းမြတ်ထံမှလည်း တရားဝင်အတည်ပြုထားသည်။

တရားရုံးမှ အမိန့်မချမှတ်မှီရက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း ပေထုန်တန်၏ နိုင်ငံရေးဆောင်ရွက်မှုများကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ တဖြည်းဖြည်း ပိုမိုမြင့်တက်လာနေခဲ့ကြောင်း ထိုင်းသတင်းရင်းမြစ်များမှ ဖော်ပြချက်အရ သိရသည်။

 ဤအမှုအပေါ် တာဝန်ရှိသူများက တရားဝင်စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး၊ စည်းကမ်းချိုးဖောက်မှုသာမက တရားမဲ့အမျိုးသားရေးအကျင့်ပျက်မှုအဖြစ်လည်း ဖြစ်နိုင်သည်ဟု ထိုင်းလွှတ်တော်အမတ်အချို့က သုံးသပ်ပြောဆိုလျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts