Homeသတင်းမော်လမြိုင် သံလွင်ဥယျာဉ်တွင် ခေတ်မှီကစားကွင်းလုပ်ရန် စစ်ကောင်စီက လုပ်ငန်းရှင်တစ်ဦးကို ခွင့်ပြု

မော်လမြိုင် သံလွင်ဥယျာဉ်တွင် ခေတ်မှီကစားကွင်းလုပ်ရန် စစ်ကောင်စီက လုပ်ငန်းရှင်တစ်ဦးကို ခွင့်ပြု

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ Ocean Super Center ဘေး သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ မြေကွက်လပ်နေရာတွင် ခေတ်မှီကစားကွင်းပြုလုပ်ရန် စစ်ကောင်စီက လုပ်ငန်းရှင်တစ်ဦးကို လုပ်ကိုင်ခွင့်ပေးလိုက်ကြောင်း ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

သံလွင်ဥယျာဉ်ဝင်းအတွင်း Ocean Super Center နှင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တည်ရှိရာနေရာကြား မြေကွက်လပ်ကို ခေတ်မှီကစားကွင်းပြုလုပ်ရန် ပြည်နယ်စည်ပင်ယာသာရေးအဖွဲ့က တင်ဒါခေါ်ယူခဲ့ရာ လျှောက်ထားသည့် လုပ်ငန်းရှင်တစ်ဦးတည်းသာ ရှိသည်ဟု ဆိုသည်။

ထိုလျှောက်ထားသည့် တစ်ဦးတည်းသော လုပ်ငန်းရှင်ကို စိစစ်ပြီး လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အဲ့ဒီမြေကွက်လပ်မှာ အရင်ကတော့ ဈေးပွဲတော်တွေ၊ ဘာတွေလာလုပ်ကြတာမျိုးတွေရှိတယ်။ အဲ့ဒီအပြင်ကို ကလေးကစားကွင်းလေးတွေလုပ်ဖို့လည်း စည်ပင်သာယာရေးအဖွဲ့ရုံမှာ လာတင်ပြတာမျိုးတွေရှိခဲ့တယ်။ အခုအခါမှာတော့ ခေတ်မှီကစားကွင်းလုပ်ဖို့ လျှောက်ထားလာတဲ့ လုပ်ငန်းရှင်ကို လုပ်ကိုင်ခွင့်ပြုခဲ့တာ” ဟု ၎င်းက ဆက်ပြောသည်။

သို့သော် လုပ်ကိုင်ခွင့်ရရှိသည့်လုပ်ငန်းရှင်နှင့် ပတ်သက်သည့်အချက်အလက်၊ အကောင်အထည်ဖော်မည့် ခေတ်မှီကစားကွင်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုတော့ မသိရှိရသေးဘူးလို့ ဆိုသည်။

သံလွင်ဥယျာဉ်အတွင်း ၂ ဧကခန့်ရှိသည့် မြေကွက်လပ်နေရာတွင် ယခင်က မွန်ပြည်နယ်နေ့၊ ကရင်အမျိုးသားနေ့ စသည့် အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ဖူးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts