spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းရေးမြို့နယ် စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးဖြင့်နေ့စဉ်ပစ်ခတ်နေမှုကြောင့် ဒေသခံတို့စိုးရိမ်နေ

    ရေးမြို့နယ် စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးဖြင့်နေ့စဉ်ပစ်ခတ်နေမှုကြောင့် ဒေသခံတို့စိုးရိမ်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြှောက်တပ်တို့မှ လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေမှုကြောင့် ဒေသခံများ ထိန့်လန့်နေကြောင်း ရေးဒေသတွင်းသတင်းရင်းမြစ်တို့မှ သိရသည်။

    ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးမြို့နယ် အာယုတောင်ကျေးရွာ အခြေစိုက် ခမရ (၃၄၃) တပ်ရင်းမှ ကျေးရွာအပြင်ဘက်သို့ လက်နက်ကြီးဖြင့် နေ့ခင်းဘက်တွင် ၄ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်နေသည့်အပြင် ညပိုင်းတွင်လည်း ပစ်ခတ်မှုဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

    ရေးဒေသခံတစ်ဦးက “မနေ့ညနေက ၃နာရီအချိန် နှစ်ကြိမ်ပစ်လိုက်တာ ရွာမှာမကျဘဲနဲ့ ကံကောင်းလို့ ခြံမှာသွားကျတာ အခုတ‌လော နေ့တိုင်းအလိုလိုပဲ လက်နက်ကြီးနဲ့ပစ်ခတ်နေတာ၊သူတို့ ဒီလိုပစ်နေတာက ရွာကလူတွေရော၊ ခြံထဲရှိတဲ့ သူတွေရောလက်နက်ကြီး ကျလာမှာကို စိုးရိမ်တာပေါ့၊ ခြံသွားဖို့ ကြောက်နေကြတယ်” ဟု  ပြောသည်။

    ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုမရှိသော်လည် လက်နက်ကြီးကျရောက်သည့်နေရာအနီးတဝိုက် ဥယျာဉ်ခြံလုပ်ငန်းလုပ်သူတို့ သွားလာရေးခက်ခဲနေကြောင်း ဆိုသည်။

    သံဖြူဇရပ်ရေး- အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးရှိ ကုန်းမြင့်သာယာနှင့် ကလိုင်ပဒေါကျေးရွာအနီးတွင် ပြီးခဲ့သည့်(ဇွန် ၁၃)ရက်နေ့က စစ်ကောင်စီတပ်နှင့် ရာမညမွန်တပ်တော်(RMA)၊ ရာမညစစ်ကြောင်းတို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

    ထို့ကြောင့် လက်ရှိတွင် အာယုတောင်ရွာအဝင်အထွက်နေရာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စောင့်ဆိုင်းနေပြီး လမ်းသွားလမ်းလာများကို ရပ်တန့်ကာ အပြစ်သားကဲ့သို့ စစ်ဆေးမေးမြန်းမှု၊ ဖမ်းဆီးမှုတို့ကိုပြုလုပ်နေကြောင်း ရေးဒေသခံတစ်ဦးက ဆိုသည်။

    “ စစ်ဆေးမေးမြန်းတာ အရမ်းတင်းကြပ်ထားတယ် ခြံသွားတဲ့သူတွေကို  ဒူးထောက်ခိုင်းပြီး လက်ကို ခေါင်းပေါ်မှာပေးတင်ခိုင်းထားတယ်။ ဟို့နေ့က ညနေပိုင်းမှာ သားအဖနှစ်‌ယောက်နဲ့ သူ့သားမက်တစ်ယောက်အဖမ်းခံရတယ် ”ဟု ဒေသခံအမျိူးသမီးတစ်ဦးက ပြောသည်။

    ဖမ်းဆီးစစ်ဆေးနေစဉ် လက်နက်ကြီးအသံကြောင့် ပုန်းခိုထွက်ပြေးလိုသည့် ဒေသခံတို့ကို ထွက်ပြေးခွင့်မပြုဘဲ အတင်းအကြပ် ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း သိရသည်။

    ရွေးကောက်ပွဲကာလ နီးကပ်လာပြီးဖြစ်သဖြင့် စစ်ကောင်စီမှ မွန်ပြည်နယ်အတွင်း ၎င်းတို့အုပ်ချုပ်နိုင်စွမ်းကို ပိုမိုပြသနေပြီး နယ်မြေစိုးမိုးမှုကိစ္စအပြင် စစ်ရေးကိစ္စ ပိုမိုတင်းမာလာနိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတို့က သုံးသပ်လျှက်ရှိသည်။

    တစ်ဖက်တွင်လည်း ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ဂိတ်စခန်းများကို ဝင်ရောက်စီးနင်း ရှင်းလင်းသွားမည့်အပြင် စစ်ရေးဖော်ဆောင်မှု လုပ်ဆောင်ရန်ရှိသည့်အတွက် ဒေသခံပြည်သူများ အသွားအလာ သတိပြုကြရန် ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts