Homeသတင်းယခုပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း ကျောင်းအပ်နှံသူ ၃ သိန်းခွဲကျော်ရှိ

ယခုပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း ကျောင်းအပ်နှံသူ ၃ သိန်းခွဲကျော်ရှိ

-

မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသည့် ကျောင်းသူ၊ ကျောင်းသား ၃ သိန်းခွဲကျော် ရှိကြောင်း မွန်ပြည်နယ် စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ပညာရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံသည့် ကျောင်းသူ၊ ကျောင်းသား ၃၅၂၃၂၂ ဦးရှိသည်။

ပြည်နယ်ပညာရေးဌာန၏ ကျောင်းအပ်နှံသူများစာရင်းအရ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံသူဦးရေသည် ယမန်နှစ်ကထက် ၁၁၀၀၀ ကျော် တိုးလာခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း ကျောင်းအပ်နှံသူဦးရေ ၃၄၀၈၆၈ ဦး ရှိခဲ့သည်။

သို့သော် စစ်ရေးပဋိပက္ခပြင်းထန်နေသည့် သထုံခရိုင်အတွင်းက ဘီးလင်း၊ ကျိုက်ထို၊ သထုံနှင့် ကျိုက်မရောမြို့နယ်၊ ရေးမြို့နယ်အတွင်းက အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အနေအထားရှိနေသည်။

စစ်ရေးပဋိပက္ခကြောင့် ကျောင်းမဖွင့်နိုင်သည့်ဒေသက ကျောင်းသားအများစုသည် မြို့ပေါ်ပြောင်းရွှေ့ပြီး ကျောင်းတက်နေရသလို တချို့ကလည်း ငွေကြေးမတတ်နိုင်သည့်အတွက် ကျောင်းမတက်ရသည့်အနေအထားရှိနေသည်။

မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၅၀၀ ကျော် ရှိကြောင်း ပြည်နယ်ပညာရေးမှူးမှ အချက်အလက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts