Homeသတင်းအခမဲ့ ပညာရေးစနစ်ဆိုသော်လည်း အထက်တန်ကျောင်းသားတစ်ဦး၏ တစ်နှစ်ပညာသင်စရိတ် သိန်းရာချီရှိနေ

အခမဲ့ ပညာရေးစနစ်ဆိုသော်လည်း အထက်တန်ကျောင်းသားတစ်ဦး၏ တစ်နှစ်ပညာသင်စရိတ် သိန်းရာချီရှိနေ

-

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို "အခမဲ့ ပညာရေးစနစ်"ဟု သတ်မှတ်ထားသော်လည်း အထက်တန်းကျောင်းသားတစ်ဦး၏ တစ်နှစ်ပညာသင်စရိတ်သည် သိန်းရာချီအထိကုန်ကျနေရကြောင်း ကျောင်းသားမိဘတို့မှ ပြောပြချက်အရ သိရသည်။

အထက်တန်းဟု သတ်မှတ်ထားသည့် ၁၀တန်း၊ ၁၁ တန်း၊ ၁၂တန်း (Grade 10,11,12) တို့၏ ကျောင်းတွင်း စာသင်ကြားမှုပုံစံသည် သာမရိုးကျသာဖြစ်နေပြီး အပြင်စာသင်ဝိုင်းမှတစ်ဆင့် သင်ကြားခြင်းကို ပိုမိုဦးစားပေးနေရသဖြင့် စာသင်နှစ်တစ်နှစ်ပြီးမြောက်ရန် သိန်းရာချီကုန်ကျနေကြောင်း Grade 12 ကျောင်းသားမိဘတစ်ဦးဆိုသည်။

"ကျမတို့အိမ်က ၁၂ တန်းကျောင်းသားလိုမျိုးဆိုရင် သူ့အဆောင်စရိတ်သက်သက်ကို တစ်နှစ် သိန်း ၄၀ ကျော် ၅၀ ကျော်လောက်ကုန်နေတယ်၊ ဒါက ဝတ်စုံနဲ့ သူတို့အသုံးစရိတ်ရယ် အခြားကျောင်းစရိတ်တွေ မပါသေးဘူးနော်၊ အကုန်လုံးပေါင်းမယ်ဆိုရင် သိန်းရာချီနီးပါးရှိလိမ့်မယ်"ဟု ဆိုသည်။

ခေတ်အဆက်ဆက် အစိုးရလက်ထက်၏ ပညာရေးဝန်ကြီးဌာမှ "အခမဲ့ပညာရေးစနစ်"ကို ဦးစားပေးလုပ်ဆောင်နေသော်လည်း အပြင်စာသင်ဝိုင်းတွင် မသင်မပြီးသည့် အနေအထားတွင်ရှိနေပြီး အထူးသဖြင့် ဘော်ဒါဆောင်တွင်အပ်နှံထားရခြင်း အပြင်စာသင်ဝိုင်းနှင့် ကျူရှင်ထပ်မံ တက်ရောက်နေရသည်။

ကျူရှင်လခစာရိတ်နှင့် အဆောင်နေစရိတ်တို့လည်း တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် တစ်နှစ်ကျောင်းသားစရိတ် သိန်းဆယ်နှင့်ချီကုန်ကျနေသည်ဟု အခြားကျောင်းသားမိဘတစ်ဦးက ပြောသည်။

"တစ်နှစ်တစ်ပြီးဖို့ ကျောင်းစရိတ်က သက်သာတာမဟုတ်ဘူး၊ အရင်ကလိုဆို ပိုပြီးတော့ ကုန်ကျများမယ်၊ အဆောင်ခကလည်းဈေးတက် ကျူရှင်ခလည်းဈေးတက်၊ အကုန်လုံးဈေးကြီးနေတော့ အသုံးစရိတ်ကလည်း ကုန်ကျများတယ်၊ ကျောင်းသားတစ်ယောက်ဆို သိန်း ၅၀ ကတော့ ဘယ်လိုပဲဖြစ်ဖြစ်ကုန်မှာပဲ"ဟု သံဖြူဇရပ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်လည်း ကျောင်းသုံးပစ္စည်း၊ ကျောင်းဝတ်စုံ၊ အဆောင်ခနှင့် ကျူရှင်စရိတ်အသီးသီးတို့ ယခင်စာသင်နှစ်ထက် နှစ်ဆဈေးမြင့်တက်နေကြောင်းလည်း သိရသည်။

ကျောင်းစရိတ် ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးမပြေလည်သည့် ကျောင်းသားမိဘအချို့ ကျောင်းအပ်နှံခြင်းမလုပ်ဆောင်နိုင်ကြောင်း သိရသည်၊

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts