Homeသတင်းတစ်ခုတည်းသောမွန်တပ်တော် ဖြစ်ပေါ်ရေး အတူတကွပူးပေါင်းမှုပုံစံ (Coming Together Model )သာလျှင် အသင့်တော်ဆုံးဟုဆို

တစ်ခုတည်းသောမွန်တပ်တော် ဖြစ်ပေါ်ရေး အတူတကွပူးပေါင်းမှုပုံစံ (Coming Together Model )သာလျှင် အသင့်တော်ဆုံးဟုဆို

-

တော်လှန်ရေးအင်အားစုများနှင့် ပြည်နယ်မှအင်အားစုများ လိုလားနေသော ညီညွတ်ရေးကိုအဓိကဦးစားပေးသည့် အတူတကွပူးပေါင်းဆောင်ရွက်မှုပုံစံ (Coming Together Model ) သည် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရေးအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း MSFC မှ မေ ၂၅ ရက်နေ့က NMSP-AD နှင့် MLA ပူးပေါင်းမှုအပေါ် အမြင်သဘောထား ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ရာမညစစ်ကြောင်းနှင့်တကွ တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေးကို MSFC အနေဖြင့် လိုအပ်သည့် လုပ်ငန်းများကို အကောင်ထည်ဖော်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိနိုင်ငံရေးသည် ထိလွယ်ရှလွယ်အခြေအနေရှိတွင် ရှိနေသဖြင့်နိုင်ငံရေး ရပ်တည်ချက်များ check and balance ဖြစ်ရန်အတွက် ပါတီတစ်ခု၏ ဦးဆောင်ဆုံးဖြတ်မှုလမ်းစဉ်ထက်၊ coming together အနေနှင့်သာဖြစ်သင့်ကြောင်း ရာမညစစ်ကြောင်းမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းမှ ပြောသည်။

“coming together ကတော့ကျနော်တို့ရာမညစစ်ကြောင်း စဖွင့်လိုက်ကတည်းက သဘောတူထားကြတယ်၊ အားလုံး ပူးပေါင်းပြီးအတူတူသွားဖို့၊ အဖွဲ့အစည်းတစ်ခု၊ တပ်ရင်းတစ်ခုထဲဝင်ရောက်ဖို့ မဟုတ်ဘူး၊ဒီလိုမျိုး တပ်ရင်း၊ အဖွဲ့အစည်းထဲဝင်ရောက်လိုက်ရင် ပေါင်းစည်းမှုမဖြစ်ဘူး၊ AD အောက် ဝင်သွား လိုက်ရင် coming together မဖြစ်ဘဲ coming under အနေနဲ့ ဝင်သွားတယ်၊ ကျနော်တို့နိုင်ငံရေးအခြေအနေက ထိလွယ် ရှလွယ်တဲ့ အခြေအနေဖြစ်နေတယ်၊ အကယ်လို့ပါတီတစ်ခုတည်းက ဦးဆောင်ပြီးသွားတဲ့အခါကျရင် စကားပြော ဆွေးနွေးတဲ့အပိုင်းမှာဖြစ်ဖြစ် ဆုံးဖြတ်ချက်ပေးမှားယွင်းတာတွေ တစ်ခုခုဖြစ်ခဲ့ရင် ဘာမှပြန်ပြောလို့မရဘူး”ဟု ၎င်းကပြောသည်။

လက်ရှိတွင် မွန်တော်လှန်ရေးတပ်တို့ တပ်ဖွဲ့ကွဲနေသည့်ပုံစံမဟုတ်ကြောင်းနှင့် စုဖွဲ့မှုပုံစံနှင့် စုဖွဲ့မှုအခြေအနေ ကွဲပြားနေသည့် ပုံစံသာဖြစ်ကြောင်းလည်း ဒေါက်တာ သီရိမွန်ချမ်းက ဆက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖွဲ့စည်းထားသည့် "ရာမညမွန်တပ်တော်"အပါအဝင် အခြား လက်နက်ကိုင်တပ်ဖွဲ့တို့နှင့် All inclusive ဖြစ်ရေး ဆက်လက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များသည် မွန်နိုင်ငံရေးနှင့်ကိုက်ညီသည့် ပူးပေါင်းဆောင်ရွက်မှုများကို အဖွဲ့အချင်းချင်းကြားလုပ်ဆောင်နိုင်မည်ဟုယုံကြည်သည်ဟုလည်း နိုင်ငံရေးလေ့လာနေသည့် မွန်လူငယ်တစ်ဦးကပြောသည်။

“မွန်တပ်ဖွဲ့တွေအားလုံး ပူးပေါင်းပြီး ထိရောက်တဲ့ တိုက်ပွဲတွေဖော်ဆောင်နိုင်ရင် နိုင်ငံရေးအကျိုး အမြတ်ရရှိနိုင်မယ်၊ မွန်တပ်ဖွဲ့တွေ နယ်မြေစိုးမိုးနိုင်တဲ့အခါ နိုင်ငံရေးအရ ပူးပေါင်းဆောင်မှုတွေ ဘယ်လို နည်းလမ်း၊ နည်းနားနဲ့သွားသင့်တဲ့အပေါ်မှတ်ချက်ပေးစရာမရှိသေးပါဘူး။ မွန်နိုင်ငံရေးနဲ့ ကိုက်ညီတဲ့ပူးပေါင်းဆောင်မှုတွေအဖွဲ့အချင်းချင်းကြားမှာ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ coming together model MSFC ထုတ်ပြန်ချက်အပေါ်မှာလည်းထင်မြင်ချက်ပေးစရာ မရှိသေးပါဘူး” ဟု၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်တွင် မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး MNSP(AD) နှင့်မွန်ပြည် လွတ်မြောက်ရေး တပ်တော် (MLA)တို့ကြား ရာမညမွန်တပ်တော် (Ramanya Mon Army) ကိုထပ်မံ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

မွန်တော်လှန်ရေးတပ်များအားလုံး အတူတကွတိုက်ပွဲဝင်မည်ဆိုပါက နယ်မြေစိုးမိုးမှုနှင့်ပြည်သူများ၏ ထောက်ခံအားပေး မှုရရှိမည်ဖြစ်ပြီး အုပ်ချုပ်ရေးယန္တယားများ လည်းဖော်ဆောင်နိုင်သည့်အပြင်ဖယ်ဒရယ် ယူနစ်တစ်ခုအနေဖြင့်ရပ်တည်နိုင်မည်ဖြစ်ကြောင်းလည်း အထက်ပါ လူငယ်က ဆက်ဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မွန်တော်လှန်ရေးတပ်များ အားလုံးပါဝင်သည့် တခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်ထည်ဖော်ရန် မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ဖြစ်သည့် (MNLA-AD)၊ (MSDF)၊ (MLA) နှင့် (MSRF) တို့မှလည်းပူးပေါင်းကြောင်းသဘောထားထုတ်ပြန်ခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts