Homeသတင်းကျိုက်ထိုတွင် ဒေသခံပြည်သူ ၂၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ကျိုက်ထိုတွင် ဒေသခံပြည်သူ ၂၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေယာဉ်ဖြင့် မကြာခဏ ပစ်ခတ်မှုနေခြင်းကြောင့် ဒေသခံပြည်သူ ၂၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများထဲကို အမတ-၃၁၀ တပ်ရင်းမှ မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်မှ နေ့လည် ၁၁ နာရီခွဲအချိန်ထိ လက်နက်ကြီး ၁၂၀-မမ ၇ လုံး ပစ်ခတ်ခဲ့သည်ဟု KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

အလားတူ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဆင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကလည်း လက်နက်ကြီး ၁၂၂-မမ ၄ လုံး ပစ်ခတ်ခဲ့သည်။

ယင်းနောက် နေ့လည်အချိန်ခန့်တွင် ရွှေကျင်မြို့နယ် တပ်မဟာ ၃ နယ်မြေနှင့် ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုအတွင်း စစ်ကောင်စီက Jetfighter ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မေလ ၁၃ ရက်နေ့ကလည် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အမတ-၃၁၀ တပ်ရင်းမှ လက်နက်ကြီး ၁၂၂-မမ ၃ လုံး ပစ်ခတ်ခဲ့သည်ဟု KNU သထုံခရိုင်က ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစုနှင့် အညာစုကျေးရွာတို့မှ အိမ်ခြေ ၆၅၀ ကျော်မှ လူဦးရေ ၂၇၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်ကောင်စီတပ်မှ လူထုနေထိုင်ရာနေရာများထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူများ အသက်အန္တရာယ် စိုးရိမ်ပြီး နေရပ်စွန့်ခွာကာ တိမ်းရှောင်နေရသည့်အတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျှက်ရှိနေသည်ဟု KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts