spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်အဆင့် ဖြစ်ပွားမှုများနေ

    မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်အဆင့် ဖြစ်ပွားမှုများနေ

    -

    မွန်ပြည်နယ် မြို့နယ်အများစုတွင် မိုးဦးကျကာလအတွင်း ရာသီဥတုအပြောင်းအလဲကြောင့် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်အဆင့်(အဆင့် ၄ )အထိ ဖြစ်ပွားနေကြောင်း ကျန်းမာရေးတာဝန်ရှိသူတို့က သိရသည်။

    ပုံမှန်အားဖြင့် မွန်ပြည်နယ်တွင် ဇွန်လအတွင်း သွေးလွန်တုပ်ကွေးကူးစက်မှုနှုန်း သိသိသာသာမြင့်တက်နေသော်လည်း မိုးရွာသွန်းမှုကြောင့် ခြင်ပေါက်ပွားမှု အနည်းအများပေါ်မူတည်၍ ရောဂါကူးစက်မှု မြင့်တက်လျှက်ရှိသည်။

    လက်ရှိ မိုးဦးကျကာလဖြစ်သည့် မေလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ပြင်ထန်းအဆင့်ဖြစ်ပွားမှုကြောင့် ဆေးရုံးတက် ကုသမှုခံခဲ့ရသည့်လူနာ ၂၀ ဦးထက်မနည်းရှိနေပြီး၊ အသက် ၁၅ နှစ်အောက်ဝန်းကျင်ကလေးငယ်များ အထူးဂရုစိုက်ရန်လိုအပ်သည်ဟု ချောင်းဆုံမြို့နယ် ကျန်းမာရေးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ချောင်းဆုံမှာဆိုရင်ဆေးရုံတက်ရတဲ့ကလေးတွေ ၂၀ ယောက်ပြည့်နေပြီး၊ ဒီနှစ်က outbreak နှစ်လို့ ပြောကြတယ်၊သတိထားရမဲ့အခြေအနေပါပဲသုံးနှစ်တခါအဖြစ်များလာတယ် ကျမတို့ဘက်မှာဆို ရွာတိုင်း ဖြစ်တယ်၊သွေးလွန်တုပ်ကွေးအဆင့်၃၊ ၄ အထိပြင်းထန်ဖြစ်ပွားသူများတယ် သွေးသွင်းရတဲ့ အထိပဲ" ဟု ဆိုသည်။

    ထို့အပြင် သာမန်သွေးလွန်တုပ်ကွေး အဆင် ၁၊ အဆင့် ၂ ကူးစက်ခံရသူတို့လည်း ကျေးရွာအဆင့် ဆေးရုံနှင့် ဆေးပေးခန်းတို့တွင် ကုသခံနေရသူ များစွာရှိနေသေးကြောင်း ဆက်ပြောသည်။

    ကိုယ်ခံအားနည်းသည့် ကလေးငယ်တို့ သွေးလွန်တုပ်ကွေးဖြစ်ပွားနိုင်ခြေများသည့်အပြင် ရာသီတုပ်ကွေးရောဂါ covid19 ကဲ့သို့ ရောဂါလက္ခဏာကိုလည်း တစ်ပြိုင်တည်းဖြစ်ပွားနေသည့်အတွက် အာဟာရ ပြည့်ဝသည့်အစားစာများ ကျွေးမွေးခြင်း၊ ခြင်အကိုက်မခံစေရန် နေထိုင်ခြင်းဖြင့် ကြိုတင်ကာကွယ်သင့်ကြောင်း အထက်ပါ ကျန်းမာရေးတာဝန်ရှိသူက ဆိုသည်။

    “ကိုယ်ခံအားနည်းလို့ကလေးတွေက အစာသိပ်မစားတဲ့အခါကျ ကိုယ်ခံအားကျတာနဲ့ ခြင်ကိုက်တာနဲ့ ကူးစက်ဝင်တာ မြန်တယ်၊ အချို့ကဖျားတာလောက်နဲ့ဆေးခန်းမသွားဘူး၊ သွေးလဲသွား မစစ်ဘူးဆိုတော့ ကလေးတွေက အဆင့် ၄ အထိ ပြင်းထန်ဖြစ်သွားတယ်၊ ထမင်းစားပြီးရင်လည်း အခြား အာဟာရဖြစ်မဲ့အစားစာတွေ ကျွေးသင့်တယ်၊ ဒီလတွေမှာပဲအဖြစ်များတယ်"ဟု ဆိုသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်း အသက် ၁၅ နှစ်အောက်ကလေးသူငယ်များတုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၀ ဦးထက်မနည်းရှိပြီး သေဆုံးသူတစ်ဦးလည်းရှိကြောင်း မွန်ပြည်နယ် ကျန်းမာရေးဌာနမှ အချက်အလက်အရ သိရသည်။

    သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ဖွားသည့် အေးဒီ(စ်) ခြင်ကျားအကိုက်ခံရမှတစ်ဆင့် ကူးစက်တတ်ခြင်းကြောင့် ပြည်သူတို့အနေဖြင့် ဖုံး၊ သွန်၊လဲ၊ စစ် ကို ယခုကာလအတွင်း အမြဲမပျက်လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း စစ်ကောင်စီ ကျန်းမာရေးဌာနမှ တိုက်တွန်းထားသည်။

    တစ်ဖက်တွင်လည်း နိုင်ငံရေးမတည်ငြိမ်မှု မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသ ဘက်သို့ ပြောင်းရွှေ့နေထိုင်သူနှင့် အလုပ်လာရောက်လုပ်ကိုင်သူများလာသောကြောင့် ဌက်ဖျားနှင့်သွးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုနှုန်းတိုးလာနေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks