Homeသတင်းဘီးလင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ဘီးလင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာနေ အမျိုးသားတစ်ဦး ယမန်နေ့ မေလ ၁၄ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇုက္ကလိကျေးရွာနေ ဦးဇော်ဝင်းဆိုသူသည် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ရွာအလယ်ပိုင်းရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သေနတ်သမား နှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးဇော်ဝင်းကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

“ဦးဇော်ဝင်းက လက်ဖက်ရည်ဆိုင်ရဲ့ ကွပ်ပစ်ပေါ်မှာ ထိုင်နေတဲ့အချိန်မှာ သေနတ်သမားက ဝင်ပစ်သွားတာ။ အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးဇော်ဝင်းသည် ဘီးလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သည်ဟု ဆိုသည်။

ဦးဇော်ဝင်းကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို မသိရှိရသေးကြောင်း အထက်ပါဒေသခံက ဆိုသည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာနေ ကိုစိုးသန်း (ခ) သားကြီး ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ထို့အတူ ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်နေ လူငယ် ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts