spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၈၈၀၀ ကျော် ထွက်ပြေးနေရ

    ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၈၈၀၀ ကျော် ထွက်ပြေးနေရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ ၈၈၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

    စစ်ကောင်စီက ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများကို ဧပြီလ ၂၈ ရက်နေ့ကစပြီး မေ ၆ ရက်နေ့အထိ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    ၎င်းပြင် ကျိုက်ထိုနှင့် သထုံမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ ခမရ-၂၀၇၊ အမတ-၃၁၀၊ ခမရ-၂၀၆၊ အမတ-၄၀၂ တပ်ရင်းတို့မှ ၆၀ မမ၊ ၈၁ မမနှင့် ၁၂၀ မမ တို့ဖြင့် လူနေကျေးရွာများဘက် ပစ်ခတ်ခဲ့သည်။

    စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် ဆေးရုံ ၁ ရုံ၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် ရော်ဘာခြံ၊ စိုက်ပျိုးခြံများစွာ ထိခိုက်ပျက်စီးခဲ့ရသည်ဟု KNU က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်လျက်ရှိသည်ဟုလည်း KNU ဆိုသည်။

    ထိုသို့ စစ်ကောင်စီတပ်မှ အဆက်အပြတ် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ကျိုက်ထိုမြို့နယ်အတွင်းက ဒေသခံ ပြည်သူ ၈၈၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ထွက်ပြေးတိမ်းရှောင်နေကြရသူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks