spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ တပ်သားနှစ်ဦး YPDF ထံ ထွက်ပြေးခိုလှုံ

    မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ တပ်သားနှစ်ဦး YPDF ထံ ထွက်ပြေးခိုလှုံ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ တပ်သားနှစ်ဦး ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထံ ထွက်ပြေးခိုလှုံခဲ့ကြောင်း သိရသည်။

    အဆိုပါတပ်သားနှစ်ဦးသည် ဧရာဝတီတိုင်းဇာတိဖြစ်သည့် အသက် ၂၂ အရွယ်ရှိ မောင်ဝေရဲဖြိုးနှင့် ပဲခူးတိုင်းအနောက်ပိုင်းဇာတိဖြစ်သည့် အသက် ၂၂ အရွယ်ရှိ မောင်ရဲနိုင်ကျော်တို့ ဖြစ်ကြသည်။

    “သူတို့နှစ်ယောက်က စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ က လူတွေပါ။ ဝဲကလီလေ့ကျင့်ရေးတပ်ကနေ မော့ကနင်ကို ပို့လာတာ။ အဲနောက် ပြည်သူ့ရင်ခွင်ကနေ ချိတ်ဆက်ပြီး သူတို့တွေက ကျနော်တို့ဆီကို ထွက်ပြေးလာကြတာ ဖြစ်တယ်။ သူတို့က မလေးရှားနိုင်ငံကနေတဆင့် မွန်ပြည်နယ် ပကဖ ကို ဆက်သွယ်ပြီးတော့ အဲကနေတစ်ဆင့် ဒီကို ရောက်လာတာ” ဟု ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တပ်ရင်းမှူး ဗိုလ်ရန်နိုင်က ပြောသည်။

    ဧရာဝတီတိုင်းဇာတိဖြစ်သည့် မောင်ဝေရဲဖြိုးသည် ထိုင်းနိုင်ငံတွင် တံငါးသည်လုပ်ငန်း လုပ်ကိုင်နေပြီး ထိုင်းနိုင်ငံမှအပြန် မွန်ပြည်နယ်၊ မုဒုံမြို့တွင် ဖမ်းဆီးခံရပြီး မော်လမြိုင်မြို့ အမှတ် (၆) စုဆောင်းရေးတပ်သို့ ခေါ်ဆောင်ခံခဲ့ရသည်ဟု YPDF က ပြောသည်။

    ယင်းနောက် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရပြီး အပတ်စဉ် (၇) သင်တန်းကို ၂ လကျော်ခန့် သင်တန်းတက်ရသည့်နောက် မော်လမြိုင်မြို့ရှိ အမှတ် (၉၀၄) မွမ်းမံသင်တန်းကျောင်း ထိုမှတဆင့် မော့ကနင်အခြေစိုက် ခလရ (၁၀၆) သို့ ပို့ဆောင်ကာ တာဝန်ထမ်းဆောင်စေခဲ့သည်။

    အလားတူး ပဲခူးတိုင်းအနောက်ပိုင်းဇာတိဖြစ်သည့် မောင်ရဲနိုင်ကျော်ကလည်း မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် သွားစဉ် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့တွင် ဖမ်းဆီးခံခဲ့ရပြီး မြိတ်မြို့ စုဆောင်းရေးတပ်သို့ ပို့ဆောင်ခံခဲ့ရသည်။

    ယင်းနောက် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရပြီးနောက် မော်လမြိုင်မြို့၊ အမှတ် (၉၀၄) မွမ်းမံသင်တန်းသို့ ရောက်ကာ ထိုမှတဆင့် မော့ကနင်အခြေစိုက် ခလရ (၁၀၆) သို့ ရောက်ရှိလာသည်ဟု ဆိုသည်။

    စစ်ကောင်စီထံ တာဝန်မထမ်းဆောင်လိုသူများ၊ ပြည်သူ့ရင်ခွင်ထံ လာရောက်ခိုလှုံလိုသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး ခိုလှုံနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။

    အာဏာရှင်အလိုကျ ပြည်သူများကို စစ်မှုထမ်းရန် အတင်းအဓမ္မ လိုက်လံခေါ် ဆောင်နေသည့် မြို့နယ်၊ ရပ်/ကျေး အုပ်ချူပ်ရေးမှူးများအနေဖြင့် တပ်သားစုဆောင်းရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်နေပါက ထိရောက်စွာ အရေးယူသွားမည်ဟု YPDF က အသိပေး ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks